Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထောက်ခံချက်ဖြင့်သာ လေယာဉ်စီးခွင့်ရမည့်ကိစ္စနှင့် လက်မှတ်ဈေးနှုန်းကိစ္စ မေးမြန်းချက်(အင်တာဗျူး)

ယွန်း (NSS) - ဖေဖော်ဝါရီလ၂ဝ 

လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားလာမှုနှင့်အတူ လမ်းပန်း ဆက်သွယ်ရေးများသည်လည်း အခက်အခဲ များစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။ အချို့ သောနေရာဒေသများတွင် ကုန်းလမ်းဖြင့် သွားလာ ၍မရတော့ဘဲ လေကြောင်းလိုင်းများကိုသာ အဓိက အားထား၍ သွားလာနေရလျက်ရှိပြီး ယင်းကဲ့သို့ အား ထားနေရမှုနှင့်အတူ လေယာဉ်လက်မှတ်ခဈေးနှုန်း များသည်လည်း အဆမတန်ကြီးမြင့်နေလျက်ရှိသည်။ ထို့ကြောင့် ယင်းကဲ့သို့ အခြေအနေများအပါအဝင် လေကြောင်းလိုင်းများ တွေ့ကြုံနေရသည့် အခက်အခဲအခြေအနေများနှင့် ပတ်သက်၍  NP News က MAI မှ တာဝန်ရှိသူတစ်ဦးအား ဆက် သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး - လေကြောင်းလိုင်းများအနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး သိရှိလိုပါသည်။

ဖြေ - လက်ရှိကာလတွင် လေကြောင်းလိုင်းများသည် လေယာဉ်အပိုအစိတ်အပိုင်းများတင်သွင်းရာတွင် အခက်အခဲများကြုံတွေ့ရခြင်းနှင့် ငွေကြေးဖောင်း ပွမှု၏ အကျိုးသက်ရောက်ခြင်းများနှင့် အခြားသော ကန့်သတ်ချက်များကြောင့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရပါသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေ ကြောင်းလိုင်း (MAI) အနေဖြင့် လေယာဉ် လက်မှတ်ခနှုန်းထားများကို ပုံမှန်အခနှုန်းထားအတိုင်း ရောင်းချ ပေးလျက်ရှိသော်လည်း ပြင်ပဈေးကွက်တွင် ပွဲစားများက လေကြောင်းလိုင်း၏ ခရီးသည်အမည် ပြောင်းလဲ၍ လိုက်ပါစီးနင်းခွင့်ပြုသည့်မူဝါဒအပေါ် အခွင့်ကောင်းယူလျက် လေယာဉ်လက်မှတ်ခနှုန်း ထားများကို အဆမတန်တိုးမြှင့်ရောင်းချကာ အမြတ် ထုတ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရသည့်အချိန်တွင်ပင် MAI အနေဖြင့် ပြည်ပလေဆိပ်များ အထူးသဖြင့် ဘန်ကောက်လေဆိပ်များသို့ ဆင်းသက်ရာတွင် လေဆိပ်အခွန်အခအနေဖြင့် ခရီးသည်တစ်ဦးနှုန်း ကို အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင် ပေးသွင်းနေရ သော်လည်း မိမိတို့လေကြောင်းလိုင်း၏ အမြတ်အ စွန်းကို ပဓာနမထားဘဲ ခရီးသည်များ အထူးသဖြင့် မြန်မာနိုင်ငံသား ခရီးသည်များအတွက် သက်သာ သောနှုန်းထားဖြင့် ခရီးစဉ်များကို အဆင်ပြေလွယ် ကူစွာ လိုက်ပါစီးနင်းနိုင်ရေးကိုသာရှေးရှု၍ အမေရိ ကန်ဒေါ်လာ ၅၉ ဒေါ်လာမှစတင်သော နှုန်းထားဖြင့် သာ ရောင်းချပေးခြင်းများကိုပြုလုပ်ပေးလျက်ရှိပါ သည်။ 

မေး - လက်ရှိအချိန်တွင် လေကြောင်းလိုင်းများ မပျံ သန်းရသည့် လေဆိပ်များရှိလျှင်လည်း သိလိုပါသည်။

ဖြေ - လက်ရှိကာလတွင် ကလေး၊ ခန္တီး၊ လွိုင်ကော်၊ လားရှိုး အစရှိသည့်လေဆိပ်များသို့ လေကြောင်းခ ရီးစဉ် ပြေးဆွဲခွင့်များ ကန့်သတ်ထားပြီး အချို့ခရီး စဉ်များကို သက်ဆိုင်ရာလေကြောင်းအာဏာပိုင်များနှင့်ညှိ နှိုင်း၍ ခွင့်ပြုချက်ရလျှင် ပြန်လည်ပြေးဆွဲပေး နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ 

မေး - ပျံသန်းခွင့်ရရှိထားသည့် လေဆိပ်များကို ပျံသန်းချိန်တွင်လည်း လေကြောင်းလိုင်းများနှင့် ခရီး သည်များအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွင် မည် သည့် အခက်အခဲများရှိကြောင်း သိလိုပါသည်။

ဖြေ - လက်ရှိပျံသန်းပြေးဆွဲပေးနေသည့် လေဆိပ် များတွင် လေကြောင်းအာဏာပိုင်များ၊ လေဆိပ်နှင့် လေကြောင်းလိုင်းဆိုင်ရာတာဝန်ရှိသူများမှ လုံခြုံရေး အစရှိသည့် ကိစ္စရပ်များကို အထူးကြပ်မတ် ဆောင် ရွက်လျက်ရှိပြီး ပြည်တွင်းခရီးသွားလာရာတွင် လေကြောင်းဖြင့်သွားလာခြင်းသည်သာလျှင် ယခုကာလ အတွက် လုံခြုံစိတ်ချရမှုအရှိဆုံးဖြစ်မည် ဖြစ်ပါသည်။ 

မေး - ထောက်ခံချက်တွေပါမှသာလျှင် လေယာဉ် စီးနင်းခွင့်တွေကို ပြုသွားမည်ဆိုသည့်အတွက် လေ ကြောင်းလိုင်းများအပေါ်တွင် မည်သို့အခက်အခဲများ ရှိလာနိုင်ပါသနည်း။ 

ဖြေ - လေကြောင်းဖြင့်ခရီးသွားလာလိုမှုများ မြင့်မားလာသောကြောင့် လေယာဉ်ခရီးစဉ် အတော်များများတွင် လက်မှတ်ကြိုတင်ဝယ်ယူမှုများ ရှိနေပါသည်။ ထောက်ခံချက်များပါမှသာလျှင် လေယာဉ်စီးနင်းခွင့်ပြုမည်ဆိုသည့် ထုတ်ပြန် ချက်သည် လေကြောင်းလိုင်းများအပေါ် များစွာအ ကျိုးသက်ရောက်မှုမရှိသော်လည်း လေကြောင်း ခရီးစဉ်ကိုသာ အားကိုးအားထားပြုနေရသည့် ခရီးသည်များအတွက် လေယာဉ်လက်မှတ်နှုန်းထား များကို အဆမတန်ဖြင့် ပြန်လည်ဝယ်ယူနေရခြင်းနှင့် ထိုင်ခုံနေရာရရှိရန်အတွက် အလွန်ခက်ခဲနေခြင်း စသည့်အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရ ပါသည်။  

မေး - ပြင်ပဈေးကွက်တွင် လေယာဉ်လက်မှတ်ခများ အဆမတန်ကြီးမြင့်နေသည့်အပေါ် လေကြောင်း လိုင်းများအနေဖြင့် မည်သို့ စိစစ်ကြပ်မတ်သွားရန် ရှိသနည်း။

ဖြေ - ယခုကဲ့သို့ဖြစ်ပေါ်နေသည့်ကိစ္စရပ်များကို ထိန်းချုပ်နိုင်ရန်အတွက် MAI ၏ လူမှုကွန်ရက် စာမျက်နှာများ မှတစ်ဆင့် လေယာဉ်လက်မှတ်ခနှုန်း ထားအမှန်များ၊ လေယာဉ်ခရီးစဉ်များနှင့် လေကြောင်း နှင့်ပတ်သတ်သည့် နောက်ဆုံးရသတင်းများကို စဉ်ဆက်မပြတ် အသိပေးကြေညာလျက်ရှိပါသည်။ ထို့ပြင် MAI ၏ Customer Service Centre ၊ လက်မှတ်အရောင်းရုံးခွဲများနှင့် website www.maiair.com တို့တွင်လည်း တိုက်ရိုက် ဆက်သွယ် ဝယ်ယူနိုင်သလို ယုံကြည်စိတ်ချရသည့် လက်မှတ်အရောင်းကိုယ်စားလှယ်များ ထံတွင် လည်း ကိုယ်တိုင် ဝယ်ယူနိုင်ပါသည်။                          

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေပြည်တော်အပါအဝင် ဒေသ (၄) ခု၌ ဖွဲနုဆီကြမ်းနှင့် ဆီချောစက်ရုံ ( ၁၀) ရုံ တည်ဆောက်သွားမည်ဖြစ်ပြီး ဂျပန် အပါအဝင် ဥရောပနိုင်ငံများသို့တင်ပို့မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved