အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် လက်မှတ်ဝယ်ရမည့်ကိစ္စက လာဘ်ပေးလာဘ်ယူ အဂတိမှု ဖြစ်စေနိုင်
သုတကျော် (NSS) ဖေဖော်ဝါရီလ ၂ဝ
အချို့မြို့များမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်လာရန် လက်မှတ်ဝယ်ယူမည်ဆိုပါက ထောက်ခံစာ ပြသရမည် ဆိုခြင်းသည် လာဘ်ပေး လာဘ်ယူမှုများကို ပိုမိုအားပေးရာ ရောက်စေနိုင်ကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ သံတွဲမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် လာမည်ဆိုပါက လေယာဉ်လက်မှတ်ဝယ်ယူရာတွင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူး၏ ထောက်ခံချက် ယူရမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းမှ လက်မှတ်ဝယ်ယူခြင်းဖြစ်ပါက လေဆိပ်သို့ ထောက်ခံစာကို ယူလာရမည်ဖြစ်ကြောင်းလည်း လေယာဉ်လက်မှတ်အရောင်းဌာနများကို မေးမြန်းထားချက်များ အရ ကနဦး သိရသည်။
“လာဘ်ပေးလာဘ်ယူ ပိုများစေမယ်ဆိုတဲ့အချက်ကို သက်ရောက်နိုင်တယ်။ အများကြီးဖြစ်နိုင်တာပေါ့။ ပြောချင် တာက အုပ်ချုပ်ရေးမှူးရဲ့သဘောပါမှ သွားရမယ်ဆိုတာက အဲဒီလို (လာဘ်ပေးလာဘ်ယူကိစ္စကို) အများကြီး သက်ရောက်နိုင်တယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဒေါ်နော်အုန်းလှက ပြောသည်။
နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာသွားလာရန်အတွက် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံသား တစ်ယောက်၏ အခွင့်အ ရေးလည်း ဖြစ်ကြောင်း ၎င်းကပြောသည်။
“ထောက်ခံစာပြရမယ်ဆိုတာတော့ ကြားပါ တယ်။ ဒီလို ဘာကြောင့်လုပ်တယ်ဆိုတာတော့ မသိရ သေးဘူးပေါ့။ ဒါပေမဲ့လည်း အောက်ခြေမှာ ဒီစာကိစ္စ နဲ့ပတ်သက်ပြီး ထောက်ခံစာရဖို့အတွက် လာဘ်ပေး လာဘ်ယူ ကိစ္စတွေ ဖြစ်လာမှာကို စိုးရိမ်ပါတယ်။ ဒီအတိုင်းတောင် လာဘ်ပေးလာဘ်ယူ ကိစ္စတွေက ရှိနေတာ အားလုံးအသိပဲလေ။ အလုပ်လုပ်ဖို့ ထောက် ခံစာ လိုရင်တောင် ဘယ်လိုဆိုတာ သိနေကြတာပဲ” ဟု အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုမြတ်ထွန်းအောင်က ပြောသည်။
ထိုသို့ ထောက်ခံစာ ကန့်သတ်လိုက်ခြင်းသည် မှန်ကန်ကြောင်းနှင့် တာဝန်ရှိသူများကလည်း ထုတ်ပြန်ကြား ချက်များ ရှိနေကြောင်း လေကြောင်းလိုင်းတစ်ခု ကို မေးမြန်းထားချက်အရ သိရသည်။
“ကျောက်ဖြူတို့၊ သံတွဲတို့ကနေ လေယာဉ်နဲ့ လာမယ်ဆိုရင်တော့ ထောက်ခံစာ လိုပါတယ်။ အသွားကိုတော့ မလိုပါဘူး။ စစ်တွေနဲ့ အမ်းမြို့တို့ကနေ လာမယ်ဆိုရင်တော့ ထောက်ခံစာ မလိုသေးပါ ဘူး။ လောလောဆယ်တော့ ဒီလောက်ပဲ သိရပါတယ်” ဟု ရန်ကုန်မြို့ရှိ နာမည်ကျော် လက်မှတ်အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
NP News မှ ဆက်သွယ်မေးမြန်းမှုအရ မြိတ်မြို့မှ ရန်ကုန်သို့ လာလျှင် လက်မှတ်ဝယ် ယူရာ၌ ထောက်ခံစာပြရမည်ဖြစ်ပြီး အသွားခရီးကိုမူ ပြသရန် မလိုကြောင်းလည်း သိရသည်။
“တခြားမြို့ တွေတော့ မကြားမိသေးပါဘူး။ မြိတ်ကတော့ ထောက်ခံစာ လိုပါတယ်။ ထောက်ခံစာပါမှ လက်မှတ် ရောင်းလို့ရမှာပါ။ ရန်ကုန်အသွားကို ထောက်ခံစာ ပြရပါမယ်”ဟု လေယာဉ် လက်မှတ် အရောင်းကိုယ် စားလှယ်တစ်ဦးကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောက်ခံချက်ဖြင့်သာ လေယာဉ်စီးခွင့်ရမည့်ကိစ္စနှင့် လက်မှတ်ဈေးနှုန်းကိစ္စ မေးမြန်းချက်(အင်တာဗျူး)
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း