ဘားအံမြို့ရှောင်လမ်းတွင် ကရင်ဇာတ်အဖွဲ့သားများပါသည့်ကား ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံး၍ (၁၀)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့ရှောင်လမ်းတွင် ကရင်ဇာတ်အဖွဲ့သားများပါသည့်ကား ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ(၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့ထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်)၊ နံနက် ၁၀နာရီခွဲအချိန်ခန့်တွင် ဘာအံမြို့၊ မြို့ရှောင်လမ်းသစ်၊ ကြာအင်းတောင်ကြားလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မှောက်တဲ့ကားက “ယှးယံင့်ဝဝ်အွာ”ဇတ်ပွဲကားပါ။ ကားပေါ်မှာက စုစု ပေါင်းလူ(၁၁)ယောက်ပါတယ်။ ဇတ်ကပြီးပြန်လာတာလို့ သိရတယ်။ အဲဒီ တောင်ပတ်လမ်းရောက်တော့ အတက်မှာ ကားဘီးပေါက်ပြီး နောက်ပြန်လိမ့်ကျတာ။ (၂၅)ပေဝန်းကျင်လောက်နက်တဲ့ ချောက်ထဲ ကျသွားတာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၊ အမျိုး သမီး(၁၁)ဦးအနက် အသက်(၁၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ “ကားပေါ်မှာက အမျိုးသား(၆)ယောက်နဲ့ အမျိုးသမီး(၅)ယောက်ပါတယ်။ အသက် (၁၃) နှစ်အရွယ် မိန်းကလေးတစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ အဲဒီထဲမှ စိုးရိမ်ရတဲ့လူနာက(၆)ယောက်ပါတယ်။ ကျန်တဲ့လူတွေကတော့ အရမ်းကြီးမစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဘားအံမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း(၅)သင်းက ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒလတံတားသည် တည်ဆောက်ပြီး တံတားများအနက် တံတားကြမ်းခင်းအမြင့်ဆုံးတံတားတစ်စင်းဖြစ်လာမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း