ဒလတံတားသည် တည်ဆောက်ပြီး တံတားများအနက် တံတားကြမ်းခင်းအမြင့်ဆုံးတံတားတစ်စင်းဖြစ်လာမည်
ယွန်း (NSS) - ဖေဖော်ဝါရီ ၁၉
မြန်မာ- ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ပြီးပါက မြန်မာ နိုင်ငံတွင် တည်ဆောက်ပြီး တံတားများအနက် တံတားကြမ်းခင်းအမြင့်ဆုံး တံတားဖြစ်လာနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးက အသိပေးပြောကြားထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၈)ရက်တွင် အဆိုပါတံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ- ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကြီးကို နိုင်ငံတကာတံတားသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နေပြီး တံတားပုံစံထုတ်လုပ်ရာ၌ ရန်ကုန်မြို့သို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန်(၁၅၀၀၀)ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပင်လယ်ကူးသင်္ဘောကြီးများဖြစ်သန်းနိုင်ရေးအတွက် တံတားရေ လမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိထားရှိခဲ့ပြီး ဆင်ခြေလျှောတံတား (Ramt P Bridges)ကို အတက်အဆင်းပြေပြစ်စေရန်နှင့် ကမ်းနားလမ်းဈေး ဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးဆောင် ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဒလတံတားသည် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီး တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မော်တော်ယာဥ်များ ဖြတ်သန်းမောင်းနှင်ရာတွင် ယာဥ်အန္တရာယ် ကင်းရှင်းရေးအတွက် ပင်မတံတားနှင့် ချဥ်းကပ်တံတားတို့တွင် တစ်နာရီလျှင် ၅၀ ကီလိုမီတာနှုန်းဖြင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်းတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရသည်။
ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းအား ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ(EDCF Loan)ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း(စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း)ဖြင့် တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်က ပန္နက်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မေလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တံတားဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အရောင်းအဝယ်အေးနေပြီး အငှားများနေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း