ပါပူအာနယူးဂီနီနိုင်ငံမှာ လူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆၄ ဦး သေဆုံး
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၉
ပါပူအာနယူးဂီနီနိုင်ငံမှာ လူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ကျေးလက်ကုန်းမြင့်ဒေသ တွေရဲ့လမ်းတစ်လျှောက်မှာ လူပေါင်း အနည်းဆုံး ၆၄ ဦးရဲ့ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ပါပူအာနယူးဂီနီရဲတပ်ဖွဲ့ဟာ နိုင်ငံအတွင်းရှိ ပြိုင်ဘက်လူမျိုးအုပ်စုတွေကြားဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ ပိုမို အရှိန်မြင့်၊ အချိန်ကြာလာမှာကို သတိပေးပြောဆိုနေကြောင်း သိရပါတယ်။ လမ်းမတွေအပေါ်မှာတွေ့မြင်ရတဲ့ ရုပ်အလောင်းဟာ ပါပူအာနယူးဂီနီ နိုင်ငံအတွင်းရှိ လူမျိုးတစ်မျိုးရဲ့ရုပ်အလောင်းတွေဖြစ်ပြီး အခြားပြိုင်ဘက် လူမျိုးအုပ်စုက ဖေဖော်ဝါရီ ၁၈ ရက်မှာ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း ဆိုပါတယ်။
အဆိုပါချုံခိုတိုက်ခိုက်မှုတွေဟာ Port Moresby မြို့ရဲ့အနောက်မြောက်ပိုင်း ၆၀၀ ကီလိုမီတာအကွာရှိ ဝါဘတ်မြို့ အနီးမှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပါပူအာနယူးဂီနီနိုင်ငံမှာ Sikin လူမျိုး၊ Ambulin လူမျိုး၊ Kaekin လူမျိုးနဲ့အခြားလူမျိုးတွေကြား နှစ်ပေါင်းများစွာကြာ ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားလျက်ရှိနေကြောင်း သိရပါတယ်။
သေဆုံးနေတဲ့လူမျိုးစုရဲ့ရုပ်အလောင်းတွေကို စမ်းသပ်စစ်ဆေးရာမှာဝမ်းဗိုက်တွေမှာ ဒဏ်ရာတွေရှိနေသလို လမ်းမတွေအပေါ်မှာ ခြေလက်၊ခေါင်းတွေ ရိုက်နှက်အသတ်ခံရတာမျိုးတွေ ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးနေတဲ့ရုပ်အလောင်းအချို့ကို လမ်းဘေးချုံပုတ်နားမှာတွေ့မြင်ခဲ့ရပြီး ချိုင့်ဝှမ်းတွေနားမှာ လည်း ရုပ်အလောင်းတွေကိုတွေ့မြင်ခဲ့ရကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့က ရေအောက်သုံးဒရုန်းကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ