ကျိုက်ထိုမြို့နယ်တွင် ဒီရေတော ဧက ၂၂ဝဝ ကျော်ကို ထိန်းသိမ်းရေးနယ်မြေ သတ်မှတ်
စော (NSS) - ဖေဖော်ဝါရီ ၁၈
ဒီရေတောသစ်မျိုးများနှင့် ဒီရေတောဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်အတွက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရှိ (၂၂၇၅)ဧက ကျယ်ဝန်းသော နယ်မြေကို “ကျိုက်ပိရွှေသောင်ကွင်း ဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီလ ၁၈ ရက်) တွင် ထုတ်ပြန် သတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဝန်ကြီးဌာနက ဒီရေတောသစ်မျိုးများနှင့် ဒီရေတော်ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝ ဒီရေတောများ ပျက်စီးပြုန်းတီးခြင်းမှ ကာကွယ်ရန် သား၊ ငါး၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ရေပျော်ငှက်များ နေထိုင်ကျက်စားရန် နှင့် ပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ်ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်ရည်ရွယ်၍ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကျရောက် နေသည့် ဧရိယာအကျယ်အဝန်း (၂၂၇၅)ဧကရှိသော နယ်မြေကို “ကျိုက်ပိရွှေသောင်ကွင်း ဒီရေတော ကြိုးပြင် ကာကွယ်တော” အဖြစ် သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့သတ်မှတ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ဒေသအတွက် အကျိုးပြုသော ဒီရေတော်များ ဖြစ်ထွန်းလာခြင်း၊ ပင်လယ်လှိုင်း၊ ဒီရေနှင့်လေမုန်တိုင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင် ခြင်း၊ ကမ်းပြိုတိုက်စားမှုလျော့နည်းလာပြီး လယ်ယာမြေများအတွင်း ဆားငန်ရေဝင်ရောက်မှုကို ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သား၊ ငါး၊ ပုစွန်စသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ပွားရာ အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွန်လာ စေခြင်း နှင့် ဆောင်းခိုငှက်၊ ရေပျော်ငှက်များ နေထိုင်ကျက်စားလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ဒီရေတောများသည် ကမ္ဘာပေါ်၌ ပျက်သုန်းရန်ခြိမ်းခြောက်မှုအခံရဆုံးစာရင်းတွင် ပါဝင်နေကြောင်း UN Myanmarမှ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၁၃)ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်လျော့ပါးရေးနေ့ (International Day of Disaster Risk Reduction) တွင် အထက်ပါကဲ့သို့ ထုတ်ပြန် ထားခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်ကြမ်းတစ်အိတ်ဈေးသည် ယခင်လထက် တစ်သောင်းဝန်းကျင်မှ နှစ်သောင်းခွဲအထိ မြင့်တက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ