ICJ သည် ဂါဇာနှင့်ပတ်သက်သော အစီအမံများကို ညွှန်ကြားခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်မှုကို မမြင်တွေ့ရသေး
ALynn (NSS) - ဖေဖော်ဝါရီ ၁၇
ICJ တရားရုံးသည် ဂါဇာတောင်ပိုင်းမြို့ ရာဖာရှိ အခြေအနေများကို “ဘေးအန္တရာယ်ရှိကြောင်း” မှတ်ချက်ပြုထားသော်လည်း ပါလက်စတိုင်းတို့ ဘေးကင်းလုံခြုံရေးအတွက် တောင်အာဖရိက၏ အရေးပေါ် အစီအမံများ တောင်းဆိုချက်ကိုမူ ပယ်ချခဲ့သည်။
တရားရုံးက ရာဖာရှိအခြေအနေများအတွက် အကျိုးရှိမည့် ကြားဖြတ်အစီ အမံအားလုံး ဆောင်ရွက်ရန် ၎င်းအနေဖြင့် ဇန်နဝါရီလ ၂၆ ရက်ကတည်းက ညွှန်ကြားပြီးဖြစ်သလို အစ္စရေးအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဦးတည် စေမည့် အပြုအမူမှန်သမျှကို ရှောင်ကြဉ်ရန် အမိန့်ပေးပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီလ ၁၃ ရက်က တောင်အာဖရိကသည် “ရာဖာမြို့အား ပစ်မှတ်ထား တိုက်ခိုက်မည့် အစ္စရေး၏ စစ်ဆင်ရေးမှာ ICJ ကချမှတ်ထားသည့် ကြားဖြတ်အမိန့်ညွှန်ကြားချက်များကို ချိုးဖောက်ခြင်းရှိ/ မရှိ သုံးသပ်ရန် တရားရုံးအား အရေးတကြီး တောင်းဆိုချက် တင်သွင်းခဲ့သည်။ အဆိုပါ တောင်းဆိုချက်အားပယ်ချရန် အစ္စရေးက တရားရုံးအားတောင်းဆိုခဲ့ပြီး “တောင်အာဖရိက၏ တောင်းဆိုချက်များသည် တရားမျှတမှုမရှိသလို တရားဥပဒေနှင့်လည်း ညီညွတ်မှုမရှိကြောင်း” တုံ့ပြန်ခဲ့သည်။
ဂါဇာကမ်းမြောင်တစ်လျှောက် အစ္စရေး၏ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၂၈,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ အစ္စရေးတို့ ကိုယ်တိုင် အရပ်သားများအတွက် “ဘေးကင်းဇုန်” အဖြစ် သတ်မှတ်ခဲ့သည့် ရာဖာတွင် လူ ၁ ဒသမ ၄ သန်းခန့် ခိုလှုံနေကြရပြီး ယခုအခါ အဆိုပါနေရာသည်လည်း စစ်ဆင်ရေးပစ်မှတ်ဖြစ်လာပြန်သည်။ အစ္စရေးသည် ကုလသမဂ္ဂနှင့် ၎င်း၏ အနောက်မဟာမိတ်များက ဝိုင်းဝန်းတားမြစ်သည့်ကြားကပင် ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေသည်။ ဖေဖော်ဝါရီလ ၁၆ ရက်က ICJ ၏ ထုတ်ပြန်ချက်တွင် “အစ္စရေးသည် ဂျီနိုဆိုက်ကွန်ဗင်ရှင်းပါစည်းမျဉ်း ဥပဒေများနှင့် ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းတို့၏ အသက်အိုးအိမ်ဘေးကင်းလုံခြုံရေး အပါအဝင် ၎င်း၏ အမိန့်ညွန်ကြားချက်များကို အပြည့်အဝ လိုက်နာဆဲဖြစ်ကြောင်း” ဖော်ပြခဲ့သည်။
ဂါဇာတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်းစွပ်စွဲချက်ကို အစ္စရေးက ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။ သို့သော် ICJ သည် ပြီးခဲ့သည့်လက တောင်အာဖရိကနိုင်ငံက တင်သွင်းခဲ့သော အစ္စရေးသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါအချက်များကို ချိုးဖောက်နေသည် ဟူသောအမှုကို ကြားနာသွားမည်ဖြစ်ကြောင်း လက်ခံအတည်ပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အတိုက်အခံခေါင်းဆောင် Alexey Navalny ထောင်ထဲမှာသေဆုံးသွားကြောင်း ရုရှားအစိုးရ ကြေညာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ