ဝမ်းတွင်းမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၇
ဝမ်းတွင်းမြို့တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၁၇ ရက်) ၊ နံနက် ၉ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ရှိ တော်ဝင်လက်ဖက်ရည်ဆိုင်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ကိုနန္ဒကျော်ကို ဝမ်းတွင်းတော်လှန်ရေးအင်အားစု(WTRF)အဖြစ် အမည်ခံထားသော အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
WTRF အဖွဲ့သည် လက်ဖက်ရည်ဆိုင်အတွင်းရှိနေသည့် ကိုနန္ဒကျော်အား သေနတ်ဖြင့် အနီးကပ် အချက်ပေါင်းများစွာ ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ အသိပေးထုတ်ပြန်ထားသော ရုပ်သံဖိုင်အရ တွေ့ရှိရသည်။
ထို့ပြင် WTRF အဖွဲ့သည် “ပြည်သူ့စစ်ဆိုတာ ဒီလိုသွားမယ် အကုန်ကြည့်ထား၊ အကုန်ကြည့်ထား။ အဲဒါလား ပြည်သူ့စစ်၊ ပြည်သူ့စစ်ခေါင်းဆောင် ဟုတ်လား” ဟု ပြောဆိုကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ကိုလည်း တွေ့ရသည်။
ပြည်သူ့စစ်ထဲသို့ ဝင်ရန် စည်းရုံးလုပ်ဆောင်သူများကိုလည်း WTRF အဖွဲ့က ပြင်းထန်စွာတုံ့ပြန်သွားမည်ဟုလည်း ခြိမ်းခြောက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ NSS အနေဖြင့် မန္တလေးတိုင်းအစိုးရ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ICJ သည် ဂါဇာနှင့်ပတ်သက်သော အစီအမံများကို ညွှန်ကြားခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်မှုကို မမြင်တွေ့ရသေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း