International School များတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဟု ပညာရေးဝန်ကြီးပြော
Pearl (NSS) - ဖေဖော်ဝါရီ ၁၇
International School များတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
၎င်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆ ရက်)တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ပြီး နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောသည်။
ပြီးခဲ့သော ကာလများ၌ International School များတွင် မြန်မာစာမသင် ကြားခြင်းနှင့် နိုင်တော်အလံအား အလေးမပြုခြင်းတို့အပေါ် ဝေဖန်ပြစ်တင်ခံခဲ့ရမှုများရှိခဲ့သည်။ ထို့ပြင် ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာ အတတ်ပညာကဏ္ဍများမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများသည် တာဝန် ရှိသူများနှင့်ပူးပေါင်း၍ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အလားတူ ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတို့ခရိုင်အတွင်းရှိ ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူစာရင်းများ၊ သင်ကြားသင်ယူနေမှုအခြေ အနေနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်ကြီးကြပ် ဆောင် ရွက်ရန်လည်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက တိုက်တွန်းမှာကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း