အီရန်နိုင်ငံမှာ သေနတ်သမားတစ်ဦးက မိဘဆွေမျိုးပေါင်း (၁၂)ဦးကို ရိုင်ဖယ်သေနတ်နဲ့ပစ်သတ်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၇
အီရန်နိုင်ငံက အသက်(၃၀)အရွယ်ရှိ သေနတ်သမားတစ်ဦးဟာ အီရန်နိုင်ငံအရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသတစ်ခုမှာ ဆွေးမျိုးတော်စပ်သူ (၁၂)ဦးကိုသေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။
အီရန်သတင်းဌာနတွေက ဖေဖော်ဝါရီလ ၁၇ ရက်ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ဆယ်စုနှစ်အတွင်း နိုင်ငံသမိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ ပစ် ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ကာမန်ဒေသ တရားသူကြီးဖြစ်သူ ဟာမီဒီက သေနတ်သမားဟာ မိသားစုအတွင်း အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက် အဖေ၊ အစ်ကို နဲ့ အခြားဆွေးမျိုးတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။ အဆိုပါသေနတ်သမားဟာ Kalashnikov အမျိုးအစား ရိုင်ဖယ်သေနတ်ကိုအသုံးပြုကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါအရပ်ဒေသမှာ အမဲလိုက်ရိုင်ဖယ်သေနတ်ကို အသုံးပြုဖို့ တရားဝင်ခွင့်ပြုထားကြောင်းသိရပါတယ်။ အဲဒီပစ်ခတ်မှုဟာ နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူသေဆုံးမှုအများဆုံးဖြစ်စေခဲ့တဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အီရန်နိုင်ငံမှာ ၂၀၂၂ ခုနှစ်က အငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားတစ်ဦးဟာ ပစ်ခတ်မှုကျူးလွန်ခဲ့ရာ (၃)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရခဲ့သလို ၂၀၁၆ ခုနှစ်ကလည်း အသက် (၂၆)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ မိသားစုဆွေမျိုး (၁၀)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ဖူးကြောင်း သိရပါတယ်။ အီရန်နိုင်ငံမှာ စီးပွားရေးအခက်အခဲဖြစ်လာခဲ့ပြီးနောက်ပိုင်းပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားလာမှုတွေ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
International School များတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဟု ပညာရေးဝန်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း