ဆိုလာဖြင့် ဘတ္ထရီအားသွင်းရာမှ ဘတ္ထရီအိုးပွင့်ထွက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂၄)လုံး မီးလောင် ပျက်စီးမှု မန္တလေး၌ဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တွင် ဆိုလာဖြင့် ဘတ္ထရီအားသွင်းရာမှ ဘတ္ထရီအိုးပွင့်ထွက်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၂၄)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းထံမှ သိရသည်။
မီးလောင်မှုသည် ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၁၀နာရီ ၁၅မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့ နယ်၊ (ဋ)ရပ်ကွက်၊ ကံကြီးကုန်းရပ်၊ ၁၂၄လမ်းနှင့် ၅၁လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လောင်တာက ဆိုလာ နဲ့ဘတ္ထရီအိုးကို တိုက်ရိုက်အားသွင်းတာမှာ ဘက်တ္ထရီအိုးပွင့်ထွက်ပြီး ဘေးနားက အဝတ်ပုံကိုကူးစက်ပြီး လောင်တာပါ။ အဲဒီကနေ လူနေအိမ်တွေထိလောင်သွားတာပါ။ အဲဒီရပ်ကွက်ကလည်း လူနေအိမ်ခြေကစိတ်တော့ လူနေအိမ်(၂၄)လုံးလောင်သွားတယ်"ဟု ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှု မရှိခဲ့သော်လည်း လူနေအိမ်(၂၄)လုံး မီးလောင်ဆုံးရှုံး သွားခဲ့ကြောင်း သိရသည်။ "လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ Level 1 နဲ့သွားရောက်မီးငြှိမ်းခဲ့ရပါတယ်။ လူနေအိမ်ကလည်း (၂၄)လုံးလောင်သွားတာဆိုတော့ မီးဘေးသင့်ပြည်သူတွေကို ဓမ္မသုခပါလဘုန်းကြီး ကျောင်းကဓမ္မာရုံမှာ ထားရှိထားပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းမီးလောင်မှုဖြစ်စဉ်အား ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းအချို့မှ လူမှုကူညီရေး အသင်းများ ပူးပေါင်းကာ Level 1 အဆင့်ဖြင့် သွားရောက်မီးငြှိမ်း သတ်ခဲ့ရကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် မန္တလေးမြို့၌ နာရီပိုင်းအတွင်း မီးလောင်မှု (၂)ကြိမ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၄)လုံးနှင့် တိုက်ခန်းတစ်ခန်းတို့ မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပအိုဝ်းဒေသ၌ စစ်ပွဲများ ရပ်တန့်ပေးရန် နှစ်ဖက်လက်နက်ကိုင်များကို ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့နှင့် ဒေသခံလူထုတောင်းဆိုနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း