တောင်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စာမေးပွဲဖြေဆိုရန်သွားသည့် Grade-10 ကျောင်းသူ(၂)ဦး ထိခိုက်ဒဏ်ရာရ
NSS - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စာမေးပွဲဖြေဆိုရန်သွားသည့် Grade-10 ကျောင်းသူ(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၈နာရီ ခွဲအချိန်တွင် တောင်သာမြို့နယ်၊ ကျောက်စရစ်ကုန်း (ခ) အောင်မြင့်မိုလ်ကျေးရွာ၊ ကျောက်တစ်လုံးဇရပ်၏ အရှေ့ဘက်၊ ကျောက်တစ်လုံးလမ်းခွဲအနီး၌ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများ ထံမှ သိရသည်။
ကျောက်စရစ်ကုန်း(ခ)အောင်မြင့်မိုလ်ကျေးရွာတွင်နေထိုင်သော Grade-10 ကျောင်းသူများသည့် မဇူးဇူးမောင်နှင့် မဆွေဆွေဦးတို့(၂)ဦးသည် ၎င်းတို့ ကျေးရွာမှ ဆီမီးခုံအခြေခံပညာ အထက်တန်း ကျောင်းသို့ စာမေးပွဲဖြေရန် သွားရောက်စဉ် အခင်း ဖြစ်နေရာအရောက်၌ အကြမ်းဖက်အဖွဲ့မှ ပစ်ခတ် သော (၄၀ မမ)ဟု ယူဆရသည့် ဗုံးတစ်လုံးပေါက်ကွဲ သွားခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် မဇူးဇူးမောင်နှင့် မဆွေဆွေဦးတို့(၂)ဦးတွင် ဗုံးစထိ မှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်ကာ Grade-4၊ Grade-6၊ Grade-7၊ Grade-8၊ Grade-10 နှင့် Grade-11 အတန်းများ၏ အတန်းတင်စာမေးပွဲများ ကျင်းပနေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျိုးဘိုင်ဒန်ကို အမေရိကန်သမ္မတရွေးကောက်ပွဲတွင်အနိုင်ရသူအဖြစ် တွေ့မြင်လိုကြောင်း ရုရှားသမ္မတပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း