ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးသရဖူကို ဂျပန် စွန့်လွှတ်ခဲ့ရ
ALynn (NSS) - ဖေဖော်ဝါရီ ၁၆
၂၀၂၃ ခုနှစ်စာရင်းအင်းများအရ ဂျပန်နိုင်ငံ သည် ပြည်တွင်းစားသုံးမှုလျော့နည်းခဲ့ခြင်းကြောင့် မမျှော်လင့်ဘဲ စီးပွားရေးကျုံ့လာကာ နိုင်ငံအနေ ဖြင့် စီးပွားရေးကျဆင်းမှုနှင့်ပါ ကြုံတွေ့ရနိုင်ပြီး ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးဟူသည့် သရဖူကို ဂျာမနီထံ လွှဲပြောင်းပေးလိုက်ရသည်။
၂၀၂၃ ခုနှစ်၏ နောက်ဆုံး ၃ လတွင် GDP သည် ဝ ဒသမ ၄ ရာခိုင်နှုန်း ကျုံ့သွားပြီး ယခင် လေးလပတ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း ကျုံ့ပြီးဖြစ်ကြောင်း ဝန်ကြီးရုံးက ဖော်ပြခဲ့သည်။ ပုံမှန်အားဖြင့် လေးလပတ် နှစ်ကြိမ်ဆက်တိုက် စီးပွားရေးကျုံ့ခြင်း ဖြစ်ပေါ်ပါက စီးပွားရေးကျဆင်းမှုအဖြစ် သတ်မှတ် သည်။ ယင်းမတိုင်ခင်က စီးပွားရေးပညာရှင်များကို စစ်တမ်းကောက်ယူခဲ့ရာ အောက်တိုဘာလမှ ဒီဇင် ဘာလ (၃) လပတ်အတွင်း GDP ၁ ဒသမ ၄ ရာခိုင် နှုန်းတိုးလာမည်ဟု ခန့်မှန်းကြသော်လည်း ယခုအခါ မမျှော်လင့်ဘဲ စီးပွားရေးကျဆင်းလာခဲ့သည်။ ထို့ ကြောင့် ဂျပန်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွား ရေးနေရာသို့ ရုတ်ချည်းကျဆင်းသွားရသည်။
၂၀၂၃ ခုနှစ်တွင် ပြည်တွင်းဝယ်လိုအားသည် အတော်လေးအားနည်းခဲ့သည်။ စားသုံးသူအသုံး စရိတ်အပါအဝင် ပြည်တွင်းဝယ်လိုအား ကဏ္ဍအသီး သီးမှာ အနုတ်လက္ခဏာဆောင်ခဲ့သည်။ ပြည်ပ ဝယ်လိုအားဖြစ်သည့် ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှု တင်ပို့ခြင်းလုပ်ငန်းများကမူ တိုးတက်သည့် အနေ အထား ရှိခဲ့သည်။ "ဂျပန်နိုင်ငံသည် ၎င်း၏ အခြေခံ စွမ်းအင်လိုအပ်ချက် ၉၄ ရာခိုင်နှုန်း နှင့် စားနပ်ရိက္ခာ ၆၃ ရာခိုင်နှုန်းတို့ကို တင်သွင်းနေခြင်းကြောင့် ယန်းငွေတန်ဖိုးလျော့ကျလာကာ လူနေမှုစရိတ်ကို သိသိသာသာ မြင့်မားလာစေသည်"ဟု မဟာဗျူဟာ ပညာရှင် Neil Newman က CNN သို့ ပြောကြားခဲ့ သည်။ ယခုနှစ်အစပိုင်းတွင် ယန်းငွေသည် အမေရိ ကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၆ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားခဲ့ပြီး ၎င်းသည် စက်မှုဖွံ့ဖြိုးပြီး ၁၀ နိုင်ငံမှအသုံးပြုသော ငွေကြေးများထဲတွင် အဆိုးဆုံးတစ်ခုဖြစ်လာခဲ့သည်။
ဇန်နဝါရီလ ၁ ရက်က Ishikawa စီရင်စုရှိ နိုတို ကျွန်းဆွယ်တွင် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အ ဆောက်အဦများပြိုကျကာ မီးလောင်ကျွမ်းမှုနှင့် ဆူနာမီ သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။ လူ ၂၀ဝ ကျော် သေဆုံးပြီး ၁၀ဝ၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်း၏ နောက်ဆက်တွဲအကျိုးဆက်အနေ ဖြင့် ပြည်တွင်းစားသုံးမှုနှုန်းကို သိသိသာသာ လျော့ကျစေခဲ့ခြင်းဖြစ်သည်။ အချို့စီးပွားရေးပညာရှင်များက စီးပွားရေးကျဆင်းမှုကို လာမည့်လများအတွင်း ပြန်လည် ထိန်းသိမ်းသွားနိုင်မည်ဟု ခန့်မှန်းကြသည်။ "စိတ်ပျက်စရာကောင်းတဲ့ စတုတ္ထသုံးလပတ်ရလဒ် ဖြစ်လင့်ကစား ၂၀၂၄ ရဲ့ ပထမသုံးလပတ် GDP ကတော့ ပြန်ကောင်းလာဖို့မျှော်လင့်ပါတယ်"ဟု ING Group မှအကြီးတန်းစီးပွားရေးပညာရှင် Min Joo Kang ကပြောကြားခဲ့သည်။
လက်ရှိ သုံးလပတ်တွင် ပုဂ္ဂလိက စားသုံးမှု မြင့်မားလာလျှင် ငွေကြေး ဖောင်းပွမှု တည်ငြိမ်လာပြီး လုပ်ခလစာ တိုးတက်လာဖို့ မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင်လည်း ကော်ပိုရိတ်လုပ်ငန်းများ၏ ဝင်ငွေမှာ အားကောင်းနေပြီး အိုင်တီဝယ်လိုအားမှာလည်း မြင့်လျက်ရှိနေပါသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စာမေးပွဲဖြေဆိုရန်သွားသည့် Grade-10 ကျောင်းသူ(၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း