မုံရွာမြို့ရှိ ရေကန်တစ်ခုအတွင်း၌ အမျိုသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၆
မကွေးတိုင်း၊ မုံရွာမြို့ရှိ ရေကန်တစ်ခုအတွင်း၌ အမျိုသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မုံရွာမြို့ထံမှ သိရသည်။
ရေနစ်သေဆုံးမှုသည် ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၆နာရီ ၅၅မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ ဘုန်းစိုး ရပ်ကွက်အပြင်ဘက် ရေကန်ကြီးအတွင်း၌ ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
''သိရတာတော့ ရေနစ်သေတဲ့အမျိုးသားက အဲဒီကန်နားမှာနေတဲ့ အမျိုးသားပါ။ ပြင်ပဒဏ်ရာ တော့ မရှိပါဘူး။ အရက်မူးပြီး ကန်ထဲကို ပြုတ်ကျ တာမှာ ပြန်မတက်နိုင်ဖြစ်ပြီး ရေနစ်ဆုံးသွားတယ်လို့ ယူဆရတယ်။ အရင်က အဲဒီကန်က ရေနစ်တာ မရှိခဲ့ဘူး"ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း မုံရွာမြို့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် မုံရွာ မြို့၊ ဘုန်းစိုးရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၀)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအသင်းက မုံရွာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်၊ ည ၁၁ နာရီ အချိန်တွင် ပဲခူးတိုင်း၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ဟိန္ဒူ ဘုရားကျောင်းအနောက်ရှိ ဧရာဝတီမြစ်ကမ်းစပ်ရှိ သဲသောင်ပြင်၌ ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
''ရေနစ်သေဆုံးနေတဲ့အမျိုးသားကို ကမ်းစပ်သဲ သောင်ပြင်မှာတွေ့တာ။ ပြင်ပဒဏ်ရာတော့မရှိဘူး။ ရေနစ်သေဆုံးတယ်လို့ယူဆရတယ်။ အသက်လည်း တော်တော်ကြီးတဲ့အရွယ်ပါ။ မိသားစုနဲ့လည်း အဆက်သွယ်မရတော့ ပိုင်ရှင်မဲ့ပါ" ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း ပရဟိတ ပါရမီထံမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထို့ကြောင် ၎င်းရေနစ်သေဆုံးသူ အသက်(၆၀)နှစ်အရွယ်အမျိုးသားကို မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအသင်းက ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်ထိမိသားစုနှင့် အဆက်သွယ်မရရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
DTH စနစ်ဖြင့် ရုပ်သံလိုင်း (၇)လိုင်းထုတ်လွှင့် နေရာ မှ ရုပ်သံလိုင်း (၁၉) လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း