အိန္ဒိယနိုင်ငံရှိ အိမ်သုတ်ဆေးထုတ်လုပ်သည့်စက်ရုံတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၁)ဦး သေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၁၆
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အိမ်သုတ်ဆေးထုတ်လုပ်သည့်စက်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၁)ဦးသေဆုံးခဲ့ပြီး အခြားလူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Press Trust of India သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။
လောင်ကျွမ်းမှုသည် ဖေဖော်ဝါရီလ(၁၅)ရက် နှောင်းပိုင်းက စက်ရုံမြေညီထပ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပေါ်ထပ်များတွင် လူအများအပြား ပိတ်မိနေခဲ့ကြောင်း မီးသတ်ဌာနတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဓါတုကုန်လှောင်ရုံတစ်ခုလည်း ပါဝင်သော အဆိုပါစက်ရုံသည် နယူးဒေလီမြို့မြောက်ဘက် Alipur ရွာတွင် တည်ရှိကြောင်းလည်း သိရသည်။ မီးလောင်ကျွမ်းမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့နောက် မီးလောင်ကျွမ်းမှုကို မီးသတ်ကား(၂၂)စီးဖြင့် အချိန်(၅)နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ပြီးနောက် အပျက်အစီးများအောက်မှ ရုပ်အလောင်း(၁၁)လောင်းကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း သေဆုံးသူများက မည်သူဖြစ်သည်ဆိုသည့်အချက်ကို ဖော်ထုတ်နိုင်ခြင်းမျိုးမရှိသေးကြောင်း တာဝန်ရှိသူများက ထပ်မံပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဆောက်လုပ်ရေးဥပဒေ နှင့် ဘေးကင်းရေးစံနှုန်းများ နည်းပါးမှုနှင့်အတူ မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့ရှိ ရေကန်တစ်ခုအတွင်း၌ အမျိုသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း