စင်ကာပူကမ်းခြေစောင့်တပ်သင်္ဘောများမှ ဓာတ်ဆီလီတာ ၁ဝဝ ခိုးယူမှုနဲ့ အမျိုးသား ၄ ဦးကို ထောင်ဒဏ်ချမှတ်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၅
Police Coast Guard (PCG) ကင်းလှည့်ရေယာဉ်တွေကို ထိန်းသိမ်းဖို့ ငှားရမ်းထားတဲ့ နည်းပညာရှင်လေးဦးဟာ သင်္ဘောမှ ဓာတ်ဆီလီတာ ၁ဝဝ ကို ခိုးယူခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
၎င်းတို့ကို ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) က ထောင်ဒဏ်ချမှတ်ခဲ့ပြီး စင်ကာပူဒေါ်လာ ၁၈၃ (အမေရိကန်ဒေါ်လာ ၁၃၆) ခန့်တန်ဖိုးရှိတဲ့ ဓာတ်ဆီအတွက် လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။၎င်းတို့ကလည်း ဓာတ်ဆီခိုးယူမှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ၎င်းတို့လေးဦးဟာ PCG ရဲ့ Lim Chu Kang ဒေသအခြေစိုက် စခန်းမှာ ဆိုက်ကပ်ထားတဲ့ကင်းလှည့်ရေယာဉ်မှာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ဖို့ PCG မှ စာချုပ်ချုပ် ဆိုထားတဲ့ Lungteh Shipbuilding မှ ဝန်ဆောင်မှုပေးတဲ့ ဝန်ဆောင်မှုနည်းပညာရှင်တွေ ဖြစ်ပါတယ်။
၎င်းတို့ဟာ PCG craft ရဲ့အင်ဂျင်နဲ့ ဂျင်နရေတာတွေကို သန့်ရှင်းရေးလုပ်ရာမှာ အင်ဂျင်များမှ ညစ်ပတ်နေတဲ့ ဆီကျန်တွေကို manual pneumatic fluid extractor အသုံးပြုခြင်း ထုတ်ယူရလေ့ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ၎င်းတို့က manual pneumatic fluid extractor ကို အသုံးပြုပြီး ၎င်းတို့ ကိုယ်ပိုင်သုံးဖို့ဆီကို ခိုးထုတ်ခဲ့ကြတာပါ။ ၎င်းတို့ ခိုးထုတ်တဲ့ ဓါတ်ဆီလီတာ ၄၀ ခန့်ထိ ရှိတယ်လို့ သိရပါတယ်။
ဒီအတွက် ၎င်းတို့ထဲက ခေါင်းဆောင်ဖြစ်နိုင်မယ့် မိုဟာမက်ခါရူလက် အက်ဒူလက် အမည်ရှိ အသက် ၃၁ နှစ် အရွယ် အမျိုးသားက ထောင်ဒဏ်ငါးပတ်နဲ့ စင်ကာပူဒေါ်လာ ၁၀၁.၆၅၊ မိုဟာမက်ရှာဇ်ဝမ်ဟစ်ဆမ် အမည်ရှိ အသက် ၃၃ နှစ်အရွယ် အမျိုးသားနဲ့ မိုဟာမက်ရသ်ဇန်လီမန် အမည်ရှိ အသက် ၃၄ နှစ်အရွယ်အမျိုးသားတို့က ထောင်ဒဏ် လေးပတ်နဲ့ စင်ကာပူဒေါ်လာ ၅၄.၉၁ ဒေါ်လာ၊ အလ်ဒန်တိုချီခစ် အမည်ရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသားက ထောင်ဒဏ် ၃ ပတ်နဲ့ စင်ကာပူဒေါ်လာ ၄၅.၇၆ ထိစီ ပေးဆောင်ဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်သင်္ဘောအပေါ်မှ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်းအီရန်စစ်တပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း