ကမ္ဘာ့အမြင့်ဆုံး မီးခြစ်ဆံအီဖယ်မျှော်စင်ကို တည်ဆောက်ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား
Pika (NSS) - ဖေဖော်ဝါရီ ၁၄
ပြီးခဲ့သည့်(၈)နှစ်တာကာလအတွင်း မီးခြစ်ဆံ ပေါင်း (၇)သိန်းကျော်ကို အသုံးပြုကာ (၂၃)ပေ ရှည် သော အီဖယ်မျှော်စင်ကို တည်ဆောက်ခဲ့သည့် ပြင်သစ်နိုင်ငံသားတစ်ဦး၏ ကြိုးပမ်းမှုကို ဂင်းနစ် မှတ်တမ်းအဖွဲ့က အစောပိုင်းတွင် ငြင်းဆန်ပယ်ချ ခဲ့သော်လည်း နောက်ပိုင်းတွင် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်သည်ဟု ပြန်လည်အသိအမှတ်ပြုပေးခဲ့ကြောင်းသိရသည်။
အဆိုပါပြင်သစ်နိုင်ငံသားသည် စီးပွားရေး ဈေးကွက်ထဲတွင်ရရှိနိုင်သော မီးခြစ်ဆံများကို အသုံးပြုကာ အီဖယ်မျှော်စင်ကိုတည်ဆောက်ခဲ့ခြင်းမျိုး မဟုတ်ခြင်းကြောင့် ပယ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းအဖွဲ့က အစောပိုင်းတွင် ပြောကြား ခဲ့သည်။ အသက်(၄၇)နှစ်အရွယ် ရစ်ချာ့ဒ်ပလော့ဒ် သည် ကမ္ဘာ့အမြင့်ဆုံး မီးခြစ်ဆံအီဖယ်မျှော်စင်ကို တည်ဆောက်ကာ ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ၎င်း၏နာမည်ပါရှိရန်အတွက် အကောင်းဆုံးကြိုးစားခဲ့ သော်လည်း ငြင်းပယ်ခံရပြီးနောက် အငြင်းပွားမှုများရှိခဲ့ကြောင်းလည်းသိရသည်။ ရစ်ချာ့ဒ်ပလော့ဒ်သည် မီးခြစ်ဆံပေါင်း(၇၀၆၉၀ဝ)ဖြင့် (၂၃)ပေရှည်သော အီဖယ်မျှော်စင်ကို တည်ဆောက်ရန် ပြီးခဲ့သည့်(၈)နှစ်တာကာလအတွင်း နာရီပေါင်း(၄၂၀ဝ)နီးပါး အလုပ် လုပ်ခဲ့ရကြောင်းလည်းသိရသည်။
ရစ်ချာ့ဒ်ပလော့ဒ်က “ဒါဟာ တကယ်ကို စိတ် ပျက်စရာကောင်းပြီး မျှတမှုမရှိဘူးလို့ကျွန်တော် ထင် ပါတယ်။ ကျွန်တော့်ရဲ့ မီးခြစ်ဆံ အီဖယ်မျှော်စင်က (၇ ဒသမ ၉)မီတာမြင့်ပြီး ဒီအချိန်အထိ ဆက်ရှိ နေပါသေးတယ်”ဟု ပြောဆိုခဲ့သည်။ ရစ်ချာ့ဒ် ပလော့ဒ်၏ မီးခြစ်ဆံအီဖယ်မျှော်စင်သည် လက်ရှိ အချိန်တွင် ဂင်းနစ်စံချိန်ချိုးဖျက်ထားသော ၂၀ဝ၉ ခုနှစ်တွင် လက်ဘနွန်နိုင်ငံသား တော့ဖစ်ဒါဟာ တည် ဆောက်ထားသည့် (၆ ဒသမ ၅၃)မီတာမြင့်သော မီးခြစ်ဆံအီဖယ်မျှော်စင်ထက် ပိုရှည်ကြောင်းလည်း သိရသည်။ သို့သော်လည်း ရစ်ချာ့ဒ်ပလော့ဒ် အသုံးပြုထားသော မီးခြစ်ဆံများသည် မီးလောင် လွယ်သောထိပ်ဖူးများမပါသည့် မီးခြစ်ဆံများဖြစ် နေခြင်းကြောင့် ဂင်းနစ်မှတ်တမ်းအဖွဲ့က ပယ်ချခဲ့ ခြင်းဖြစ်ကြောင်းလည်းသိရသည်။ နောက်ပိုင်းတွင် ဂင်းနစ်မှတ်တမ်းအဖွဲ့သည် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ရစ်ချာ့ဒ်ပလော့ဒ်အား ကမ္ဘာ့အမြင့်ဆုံး မီးခြစ်ဆံအီဖယ်မျှော်စင်ကို တည် ဆောက်ခြင်းအတွက် ဂင်းနစ်လက်မှတ်ကို ပေးအပ်ခဲ့ကြောင်းသိရသည်။ ဂင်းနစ်မှတ်တမ်းအဖွဲ့ ဒါရိုက်တာ Mark McKinley က “ရစ်ချာ့ဒ်ပလော့ဒ်အတွက် အောင်မြင်မှုအခမ်းအနားတွေရှိသင့်တဲ့ အချိန်မှာ ဒီလိုမျိုးတွေဖြစ်အောင် လုပ်ဆောင်ခဲ့မိတဲ့အတွက် ကျွန်တော်တို့အဖွဲ့အစည်းက တကယ်ကို နောင်တရ မိပါတယ်။ ဒီလိုအမှားမျိုးကို လုပ်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်”ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NLD ပါတီရုံးချုပ်ကြီးနဲ့ ပါတီရုံးတွေအားလုံး ပြည်သူပိုင်သိမ်း ချိပ်ပိတ်ခံရတော့မလား (ဆောင်းပါး)
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ