ဒုံးကျည်လောင်ချာများအတွက် ပဲ့ထိန်းစနစ်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရထုတ် ပြန်ကြေညာ
Pika (NSS) - ဖေဖော်ဝါရီ ၁၄
မြောက်ကိုရီးယားနိုင်ငံသည် ထိန်းချုပ်နိုင်သော ဒုံးကျည်များနှင့်အတူ ဒုံးကျည်လောင်ချာအများ အပြားအတွက် ပဲ့ထိန်းစနစ်သစ်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း KCNA သတင်းဌာနက ဖေဖော် ဝါရီလ(၁၂)ရက်တွင် ရေးသားဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ဖွံ့ဖြိုးတိုး တက်မှုကို ကြီးကြပ်သည့် ကာကွယ်ရေးသိပ္ပံ အကယ် ဒမီသည် ထိန်းချုပ်နိုင်သော ၂၄၀ မီလီတာ ဒုံးကျည် လောင်ချာအများအပြားကို စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ပြီး ပဲ့ထိန်းစနစ်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့ပြင် ၂၄၀ မီလီတာ ဒုံးကျည် လောင်ချာများ၏ မဟာဗျူဟာမြောက်တန်ဖိုးသည် စစ်မြေပြင်တွင် ၎င်း၏အရေးပါမှု အခန်းကဏ္ဍများကို ပြန်လည်အကဲဖြတ်နိုင်မည်ဖြစ်ကြောင်းလည်း KCNA က ဖော်ပြခဲ့သည်။
ဒုံးကျည်များနှင့်ပဲ့ထိန်းစနစ်များ ဖွံ့ဖြိုးတိုးတက်မှု သည် မြောက်ကိုရီးယားစစ်တပ်၏ ဒုံးကျည်လောင် ချာပစ်လွှတ်သည့် တပ်ဖွဲ့များကို အရည်အသွေး ပိုင်းဆိုင်ရာပြောင်းလဲမှုများ လုပ်ဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်းလည်းရေးသားဖော်ပြထားသည်။ ပြီးခဲ့သည့်သီတင်းပတ်များ အတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများအပြင် ရုရှားနှင့် ဆက်ဆံရေးများ တိုးလာခြင်းတို့ကြောင့် အမေရိကန် နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက ပြစ်တင်ဝေဖန်မှုများရှိနေချိန်တွင် အဆိုပါစမ်းသပ်မှုများထွက်ပေါ်လာ ခြင်းဖြစ်သည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့သည်ကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်းတွင် တင်းမာမှုများ မြင့်တက်လာအောင် လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားအစိုးရက စွပ်စွဲပြောဆိုထားသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားသည် တောင်ကိုရီးယားနိုင်ငံကို အဓိကရန်သူအဖြစ် ယခုနှစ်အတွင်း ထုတ်ပြန် ကြေညာခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်ထားသော အေဂျင်စီများကို ပိတ်ပစ်ခဲ့ ကြောင်းလည်းသိရသည်။ တောင်ကိုရီးယားနိုင်ငံ အနေဖြင့် မြောက်ကိုရီးယားပိုင်နက် နယ်မြေကို တစ် လက်မခန့်ကျူးကျော်ခဲ့မည်ဆိုလျှင်တောင် စစ်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။တောင်ကိုရီးယားနိုင်ငံက တိုက်ခိုက်မှုများလုပ် ဆောင်လာမည်ဆိုပါက အဆုံးသတ်ပေးသွားရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းက ပြီးခဲ့သည့် ဖေဖော်ဝါရီ လ(၉)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသား (၆၈၈၀)ထက်မနည်း အသတ်ခံရပြီးသော်လည်း . . . .
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ