မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အိုအေစစ်ဖြစ်သော ပုပ္ပားတောင်မကြီးတွင် ပထမဆုံးအကြိမ်အဖြစ် အမှိုက်ကောက် ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပါဝင်လိုသူ များပြား
Pearl (NSS) - ဖေဖော်ဝါရီလ - ၁၄
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အိုအေစစ် ဖြစ် သော ပုပ္ပားတောင်မကြီးတွင် ပထမဆုံးအကြိမ်အဖြစ် အမှိုက်ကောက် ကမ်ပိန်းပြုလုပ်မည်ဖြစ်ပြီး ပါဝင်လို သူများပြားကြောင်းသိရသည်။
အဆိုပါ ကမ်ပိန်းကို ဥညန ပြညောမေ One Myanmar Adventure က ဦးဆောင် ထောက်ပံ့၍ အခြားကုမ္ပဏီလုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့အစည်းအချို့က ပူးပေါင်းပါဝင်ခြင်းဖြစ်ကာ လာမည့် ဖေဖော်ဝါရီလ (၁၈)ရက်တွင် ပုပ္ပားတောင် မကြီး၌ ဒေသခံများအပါအဝင် အင်အား (၂၀ဝ) နီး ပါးဖြင့် ပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
“ပြီးခဲ့တဲ့တစ်ပတ်လောက်က တောင်ကိုရောက်တော့ အမှိုက်တွေက အပြည့်ပဲ။ အမှိုက်တွေက တော် တော်များနေတာပါ။ အဲဒါနဲ့ပဲ ဒီကမ်ပိန်းလေးကို စပြီးလုပ်ဖြစ်သွားတာပါ။ အခုက အသင်း တွေခွဲပြီးတော့ တောင်မကြီးတတ်တဲ့ လမ်းတွေ၊ ခက်ခဲတဲ့ နေရာတွေကအစ အပိုင်းတွေပိုင်းပြီးတော့မှ တာဝန် ယူပြီး ကောက်မှာပါ” ဟု ကမ်ပိန်းကို ဦးဆောင်သူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ကမ်ပိန်းတွင် လူ (၁၀ဝ) ခန့်သာ ပါဝင် မည်ဟု ခန့်မှန်းထားသော်လည်း စာရင်းပေးသူများပြား သည့်အတွက် လူ (၂၀ဝ) ဝန်းကျင်ရှိသွားခဲ့ပြီ ဖြစ်ကာ ကမ်ပိန်းကာလအတွင်း သဘာဝပတ် ဝန်းကျင် ပညာရှင်များကလည်း အသိပညာဗဟုသုတများကို မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရရှိလာသည့်အမှိုက်များကို ဆာလာ အိတ်များဖြင့်ထည့်၍ ဆိုင်ကယ်များဖြင့် တောင်အောက်သို့သယ်ကာ သတ်မှတ်ထားသည့်နေရာတွင် စွန့်ပစ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ သဘာဝတောတောင်ဖြစ်တဲ့အခါကျတော့လာတက်တဲ့လူတွေလည်း ကိုယ့်အမှိုက်ကိုယ် စနစ်တကျပြန်သိမ်းသွား။ ပိုကောင်းတာက လုံးဝမသုံးနဲ့။ ဖြစ်နိုင်ရင် တစ်ခါသုံးရေသန့်ဘူး မဟုတ်ဘဲ ကိုယ့်ရေဘူးကိုယ်သယ်လာတာမျိုးပေါ့။ နောက်ပြီးတော့ အရေးကြီးဆုံးက အဲဒီမှာ ရှားပါးအပင်လေး တွေရှိတယ်။ အဲဒီအပင်လေးတွေကိုလည်း အလွယ်တကူချိုးတာမျိုးတွေ မလုပ်သင့်ဘူး။ နောက်တစ်ခုက တောင်မကြီးကိုလာပြီး အေးအေးဆေးဆေး သဘာဝတရားကြီးကိုခံစားတာဖြစ်တဲ့အတွက် ဆောင်းဘောက်ကြီး တွေဖွင့်ပြီး အရက်တွေထိုင်သောက်နေတာမျိုးတို့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
အလားတူ မန္တလေးတောင်၊ စစ်ကိုင်းတောင်တို့၌လည်း လိုအပ်ပါက အမှိုက်ကောက်ကမ်ပိန်းများကို ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုတွေကို မီးလောင်ရာ လေပင့်သလိုမျိုး ဖြစ်လာနိုင်သလား (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ