နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုသည် အိမ်နီးချင်းနိုင်ငံများထက် (၁၀) ဆခန့် လျော့နည်းနေ
ယွန်း (NSS) - ဖေဖော်ဝါရီလ - ၁၄
ပြည်တွင်း၌ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုသည် အိမ်နီးချင်း နိုင်ငံများထက် (၁၀) ဆခန့် လျော့နည်းနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုသည် ပွင့်လင်း ရာသီဖြစ်သော ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တို ဘာလမှစ၍ ပြန်လည်များပြားခဲ့သော်လည်း ကိုဗစ် မတိုင်ခင်ကာလနှင့် နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု များစွာ လျော့နည်းနေကြောင်း သိရသည်။ လက်ရှိ တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့၌ ခရီးသွားဝင်ရောက်မှုသည် ပြန် လည်မြင့်တက်နေကြောင်းသိရသည်။
“ထိုင်းနိုင်ငံကိုတော့ မယှဉ်နိုင်ဘူးပေါ့။ ဒါပေမဲ့ လာအိုတို့ ကမ္ဘောဒီးယားတို့တောင်မှ ခရီးသည် (၃)(၄)သန်းမကဘူး ပြန်ပြီးဝင်နေပြီ။ ကျွန်တော်တို့ နိုင်ငံ က အများကြီး နောက်ကျပြီးကျန်ခဲ့ပြီလို့ ပြောလို့ရ တယ်။ သူတို့ထက်ခရီးသည်ဝင်ရောက်မှု (၁၀)ဆ လောက်နည်းနေသေးတယ်။ Tourism ဖွံ့ဖြိုးမှုနောက် ကျတာချင်းအတူတူ တည်ငြိမ်မှုရသွားရင်တောင် ခရီးသွားလုပ်ငန်းအတွက် အများကြီးလုပ်ဖို့လို ပါသေးတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားများ အနေဖြင့် နယ်စပ်ဒေသမှ (၈)သိန်းခန့် ဝင်ရောက်ခဲ့ပြီး လေကြောင်းခရီးစဉ်မှ (၃)သိန်းကျော်သာ ဝင်ရောက် ခဲ့ခြင်းကြောင့် ခရီးသွားဝင်ရောက်မှု (၁)သန်းကျော် ခန့်သာရှိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်မတိုင်မီ ကာလများ၌ ပြည်ပခရီးသွားဝင်ရောက်မှုများပြားခဲ့ သော်လည်း လက်ရှိတွင် ပြည်ပခရီးသွား ဝင်ရောက်မှု သည် ယခင်နှစ်များထက် သိသာစွာကျဆင်းလျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အပေါ်တွင် မူတည်နေကြောင်း သိရသည်။
“ ကိုဗစ်မတိုင်ခင်က အခြေအနေမျိုးကို ပြန်ရောက်ဖို့ဆိုတာက တကယ်တမ်းလိုအပ်နေတာက နိုင်ငံတွင်းမှာတည်ငြိမ်ဖို့ကို လိုနေပါတယ်။ အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာက တည်ငြိမ်မှုရှိနေတော့ ခရီးသွားလုပ်ငန်းက ကိုဗစ်မတိုင်ခင်အခြေအနေ ကိုပြန်ရောက်သွားပြီ ကျွန်တော်တို့နိုင်ငံမှာက တည်ငြိမ်မှုမရှိသေးတဲ့အတွက် ခရီးသွားအများစုက ရှောင်သွားကြတာများပါတယ်။ နိုင်ငံရေးနဲ့တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု ရှိနေတယ်ဆိုရင် ခရီးသွားဧည့်သည်က သွားကြတာ များပါတယ်”ဟု ဦးနောင်းနောင်းဟန်က ဆက်လက် ပြောသည်။
လက်ရှိခရီးသွားရာသီ၌ ပြည်ပခရီးသွားဝင် ရောက်မှုသည် ယခင်နှစ်(၂၀၂၂ ခုနှစ်)နှင့် နှိုင်းယှဉ် လျှင် အနည်းငယ်ပြန်လည်တိုးတက်လာပြီး မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး အစရှိသောဒေသများကို လည်ပတ်မှုများကြောင်း သိရသည်။ သို့သော် ကိုဗစ် မတိုင်ခင်ကာလထက် များစွာလျော့နည်းနေပြီး ခရီးသွားကုမ္ပဏီ(၈၀)ရာခိုင်နှုန်းခန့်သည် လက်ရှိအချိန် အထိ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ အိုအေစစ်ဖြစ်သော ပုပ္ပားတောင်မကြီးတွင် ပထမဆုံးအကြိမ်အဖြစ် အမှိုက်ကောက် ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပါဝင်လိုသူ များပြား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း