ရွှေပြည်သာမြို့နယ်ရှိ ကားဆေးဘော်ဒီအလုပ်ရုံတစ်ခုတွင် ကား(၂)စီး ရုတ်တရက်မီးလောင်မှုဖြစ်ပွားခဲ့ကာ အကြောင်းအရင်းကို စုံစမ်းနေ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ကားဆေးဘော်ဒီအလုပ်ရုံတစ်ခုတွင် ကား(၂)စီး ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ကာ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း We Love Care လူမှုကူညီရေးအသင်းထံမှ သိရသည်။
ကားမီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီ ၁၄ ရက်)၊ နံနက် ၄ နာရီ ၃ဝ မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အောင်မေတ္တာလမ်းထိပ်ရှိ ကားဆေးဘော်ဒီအလုပ်ရုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ကားဆေးဘော်ဒီရုံမှာဖြစ်တာ။ အဲဒီရုံမှာလည်းး ကား(၅)စီးရပ်ထားတဲ့အထဲကမှ Mini Bus နဲ့ ကား တစ်စီးလောင်သွားတယ်။ ဘယ်လိုဖြစ်ပြီးလောင်တာလဲတော့ စစ်ဆေးနေတုန်းပါ” ဟု We Love Care လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကားမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားဆေးဘော်ဒီရုံ၌ ရပ်ထားသည် ကား(၂)စီး မီးလောင်ကာ အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“အခုဖြစ်စဉ်မှာတော့ လူထိခိုက်တာမရှိပါဘူး။ ဘယ်လိုကြောင့် ရပ်ထားတဲ့ကား(၅)စီးထဲကမှ (၂)စီးပဲလောင်တာ လားတော့ မသိဘူး။ လောင်တဲ့ကား(၂)စီးလုံးကလည်း အကုန်ပြာကျသွားတယ်။ အရိုးတံပဲ ကျန်တယ်။ အရင်နှစ် ကလည်း ဒီလိုအချိန်မှာပဲ (၁၂)ရပ်ကွက်မှာ ကားအပူလွန်ပြီးမီးလောင်ခဲ့ဖူးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါမီးလောင်မှုကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်း နှင့် လှော်ကားနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ကားများ ထွက်ခွာကာ မိနစ်(၃၀)ခန့်အကြာ သွားရောက်မီးငြှိမ်းခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်ဂယက်နှင့် အမေရိကန်အတွက် နှစ်များစွာ ဆက်လက်တည်ရှိနေမည့် ပြဿနာ တရုတ်၏ နောက်ဖေးထွက်ပေါက်နှင့် အရှေ့တံခါးငြိမ်းချမ်းရေး(ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း