Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်ဂယက်နှင့် အမေရိကန်အတွက် နှစ်များစွာ ဆက်လက်တည်ရှိနေမည့် ပြဿနာ တရုတ်၏ နောက်ဖေးထွက်ပေါက်နှင့် အရှေ့တံခါးငြိမ်းချမ်းရေး(ဘာသာပြန်ဆောင်းပါး)

Htay Aung (NSS) - ဖေဖော်ဝါရီလ - ၁၄ 

၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း နောက်ပိုင်း မြန်မာ ပြည်အနှံ့ ဖောက်ခွဲဖျက်ဆီးမှုတွေ၊ စွပ်စွဲလုပ်ကြံမှုတွေ၊ ရဲကင်း/ရဲစခန်းတွေကို အလစ်အငိုက် ပစ်ခတ်တာတွေ ရှိခဲ့ ပါတယ်။ ၃ နှစ်ပြည့်ခါနီး အခုချိန်မှာတော့ ယခင် တူမီး ကိုင်ဆန့်ကျင်ရေးအုပ်စုတွေဟာ ခေတ်မီမောင်းပြန် သေနတ်ကိုင်ပြီး စစ်တပ်ရင်းစခန်းတွေ၊ ကင်းစခန်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အထိ တိုးတက်လာပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဟန်တရုတ်နွယ်ဖွား မြန်မာတိုင်းရင်းသားအုပ်စုဝင် ကိုးကန့်တို့ဟာ သံလွင်မြစ်အရှေ့ ခြမ်း အထက်ပိုင်းကို အခိုင်အမာ သိမ်းယူလိုက်ပါတယ်။ တရုတ်ငွေကြေး သုံးစွဲပြီး တရုတ်ဘာသာစကားကို ရုံးသုံး ပြဋ္ဌာန်းထားတဲ့ အဲဒီလက်နက်ကိုင်တွေဟာ နယ်စပ် စစ်ရေး မဟာဗျူဟာအရ အရေးပါတဲ့ မြို့ ကြီးတွေကိုလည်း ထိန်း ချုပ်ခဲ့ပါတယ်။ အလားတူ ၁၀၂၇ စစ်ဆင်ရေးအုပ်စုဝင် မြန်မာတိုင်းရင်းသား TNLA ပလောင်တို့ဟာ ရှမ်းမြောက် တရုတ်နယ်စပ် မြို့တချို့ကိုသိမ်းယူပြီး နယ်စပ်ကုန် သွယ်ရေး ကုန်စည်စီးဆင်းရာ ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးနိုင်ခဲ့ပါတယ်။ 

ရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်းရ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ဖို့ လျာထားတဲ့ မြန်မာနိုင်ငံ မန္တလေးကိုဗဟိုပြုပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း မြောက် ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသတို့မှာ လက်နက် ကိုင်ဆန့်ကျင်သူတို့ရဲ့  လှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာ ကြောင်း တွေ့ မြင်ရပါတယ်။ 

ပြည်မကြီးရဲ့ အိန္ဒိယသမုဒ္ဒရာ နောက်ဖေးထွက်ပေါက် မြန်မာနိုင်ငံမှာ အဲဒီလိုစစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် တရုတ်ရဲ့ အရှေ့တံခါး ထိုင်ဝမ်နိုင်ငံရဲ့ဇန်နဝါရီ ၁၃ ရက်နေ့ က ထွက်ပေါ်လာတဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်ဟာ ကျွန်းနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ပတ်သက် ရာမှ ဒေသတွင်းတင်းမာမှုဟာ အရှိန်မြင့်တက်လာပြန် တယ်လို့ ဆိုရပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေရဖို့ ရှိကြောင်း အချက်ပြသလို ရှိနေတယ်လို့ CNN(16 January 2024) က ရေးသားပါတယ်။

ထိုင်ဝမ်ရဲ့ ယခင် သမ္မတ အပျိုကြီးမမ ဆိုင်အင့်ဝမ် (၆၇ နှစ်)လက်ထက် ပြည်မကြီးနဲ့ ကျွန်းနိုင်ငံတို့အကြား တင်းမာမှုဟာ အတော်ဆိုးရွားခဲ့ပါတယ်။ ယခုတစ်ဖန် ထိုင် ဝမ်ကျွန်းသားတို့ဟာ လိုင်ချင်းတေနဲ့ ဒီမိုကရက်တစ် တိုး တက်ရေးပါတီ (DPP) ကို ရွေးချယ်ခဲ့ကြပါတယ်။ တစ် နည်းပြောရရင် သူတို့ရဲ့ အနာဂတ်ရှေ့ရေးအတွက် တရုတ် လူမျိုးချင်းတူ ပြည်မကြီးကိုကျော်လွန်ပြီး အမေရိကန်နဲ့ ပိုမိုနီးနီးကပ်ကပ်နေလိုကြောင်း ရွေးကောက်ပွဲနဲ့ ထပ်မံဖော် ပြခြင်းဖြစ်နေလို့ ပေကျင်းအတွက် အတော်လေး အောင့် သက်သက်ဖြစ်စရာ ရှိပါတယ်။ 

လန်ဒန်စီးပွားရေးတက္ကသိုလ် ဒေါက်တာဘွဲ့ရ ဆိုင် အင့်ဝမ်ဟာ ပေကျင်းက တစ်လျှောက်လုံး ကြွေးကြော် လျက်ရှိတဲ့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” နဲ့ ကွန်မြူနစ် ဝါဒကိုဆန့်ကျင်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ်အထိ တာဝန်ယူခဲ့ပါ တယ်။

လိုင်ချင်းတေ(၆၅ နှစ်) ဟာ ယခင်အစိုးရလက်ထက် ဒုတိယသမ္မတဖြစ်ပြီး ကိုဗစ်ကာလ ကူးစက်ရောဂါအပေါ် ကိုင်တွယ်ပုံကို ဝေဖန်ခံရပြီးနောက် ကျန်အစိုးရအဖွဲ့ဝင် တွေကို လမ်းဖွင့်ပေးတဲ့အနေနဲ့ ဆိုင်အင့်ဝမ်က ပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ပေးခဲ့ပါတယ်။ ပြည်တွင်းစစ်အပြီး မော်စီ တုန်းရဲ့ ကွန်မြူနစ်တို့ကို အရေးနိမ့်တဲ့ ချန်ကေရှိတ် ကူမင် တန်တို့က ၁၉၄၉ ခုနှစ် ကျွန်းနိုင်ငံစတင်ထူထောင်ပြီး နောက်ပိုင်း တိုင်ပေမြို့မှာ လိုင်ချင်းတေကို ဖွားမြင်ခဲ့ပါတယ်။

အမေရိကန် ဟားဗတ်တက္ကသိုလ် မဟာဘွဲ့ရ လိုင်ချင်းတေဟာ တရုတ်နိုင်ငံပေါင်းစည်းရေး ဒါမှမဟုတ် ရေ လက်ကြားဖြတ်ကျော်ဆက်ဆံရေးကို ဆန့်ကျင်တဲ့ “ထိုင် ဝမ်လွတ်လပ်ရေး” မှာ “အပြောမဟုတ် အလုပ်နဲ့ သက် သေပြမယ့်” တက်ကြွသူတစ်ဦးအဖြစ် လူသိများပါတယ်။ ကျွန်းနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအနေအထားကို ထိန်းသိမ်း ရင်း အမေရိကန်အပါအဝင် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ တွေနဲ့ တသီးတခြား ရင်းနှီးစွာ ဆက်ဆံလို သူဖြစ်ပါတယ်။

ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူ ရှိုဘိုင်ခင် (၅၂ နှစ်) ဟာ ဂျပန်နိုင်ငံ ကိုဘေးမြို့မှာ မွေးဖွားပြီး ထိုင်ဝမ်နိုင်ငံ မှာ ကြီးပြင်းခဲ့ပါတယ်။ ဖခင် ထိုင်ဝမ်တရုတ်နဲ့ အမေရိကန် မိခင် ပက်ဂီကူးလ်နေးတို့က ဖွားမြင်ခဲ့ပြီး အမေရိကန်နိုင် ငံမှာ အနေများခဲ့သူတစ်ဦးဖြစ်ပါတယ်။ လိုင်ချင်းတေနဲ့ ရှို ဘိုင်ခင်တို့ အောင်ပွဲခံရခြင်းဟာ ယခင် ဆိုင်အင့်ဝမ် လက် ထက် တိုင်ပေနဲ့ဝါရှင်တန်အကြား နိုင်ငံရေးအရ ပိုမိုနီး ကပ်စွာ ပူးပေါင်းဖို့အတွက် အမေရိကန်ရဲ့  လေးနှစ်ကြာ ကြိုးပမ်းမှုရဲ့ အသီးအပွင့်လို့လည်း ဆိုနိုင်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲဟာ ယခုနှစ် နိုဝင်ဘာလ မှ ကျင်းပဖို့ရှိနေပါတယ်။ ရီပတ်ဘလစ်ကင်ပါတီမှ သမ္မတ လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိတဲ့ သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်ဟာ ပါတီတွင်းပြိုင်ဘက် ကုလသံ တမန်ဟောင်း နစ်ကီဟယ်လီသာမက လက်ရှိသမ္မတ ဒီမို ကရက်တစ် ဂျိုးဘိုင်ဒင်ကို နှာတစ်ဖျားအသာနဲ့ လူကြိုက် များနေကြောင်း အလွတ်သဘော စစ်တမ်းများအရ သိရှိရ ပါတယ်။ 

ယခုအချိန်ထိ သမ္မတလောင်းအဖြစ် မည်သူမည်ဝါ ကိုတင်သွင်းကြောင်း အမေရိကန် ပါတီကြီး နှစ်ရပ်လုံးက တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အမေရိ ကန်မှာ “တရုတ်မုန်း ရုရှားပြေလည်”ဒေါ်နယ်ထရမ့်ဖြစ်စေ “ရုရှားမုန်း တရုတ်ပြေလည်” ဂျိုးဘိုင်ဒင်က သမ္မတ အဖြစ် ရွေးကောက်ခံရသည်ဖြစ်စေ ထိုင်ဝမ်နဲ့ပတ်သက်လို့ အိမ် ဖြူတော်ရဲ့ မူဝါဒဟာ အခြေခံပုံသဏ္ဌာန်နဲ့ စီစဉ်ကိုင်တွယ်ပုံ နောက်ဆုတ်ပြန်စရာမရှိတော့ဘူးလို့ အင်ဒို-ပစိဖိတ်နဲ့ ထိုင်ဝမ်အရေး ကျွမ်းကျင်သူ ဒေါက်တာ လန်ဟီးချန်းက CNN မှာ ရေးသားပါတယ်။ 

တကယ်တော့ ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ ရီပတ် ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်တွေကြား သဘောတူညီမှု ရရှိ ထားတဲ့ မူဝါဒဆိုင်ရာ ပြဿနာအနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ ထိုင်ဝမ်ကို လက်နက်တွေရောင်းချဖို့နဲ့ စစ်ရေးအရထောက်ပံ့ဖို့ နောက်ထပ် ကြိုးပမ်းမှုတွေဟာ အငြင်းပွားဖွယ် အမေရိကန်ရွေးကောက်ပွဲနှစ်များအတွင်း မှာပင် ကွန်ဂရက်လွှတ်တော်ရဲ့ ဦးစားပေး ဖြစ်ဖွယ်ရှိနေပါ တယ်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတ ဟောင်း ဒေါ်နယ်ထရတို့ နှစ်ဦးစလုံးဟာ ထိုင်ဝမ်အပေါ် အခိုင်အမာ ထောက်ခံအားပေးခဲ့ကြပါတယ်။ လက်ရှိ သမ္မတဘိုင်ဒင်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒါမှ မဟုတ် ပြည်မကြီးရဲ့ တိုက်ခိုက်ခံရပါက ထိုင်ဝမ်ကို အမေရိ ကန်က ခုခံကာကွယ်မှာဖြစ်ကြောင်း လေးကြိမ်တိုင်တိုင် ကြေညာခဲ့ပါတယ်။ ဘိုင်ဒင်အစိုးရ ကွန်ဂရက် လွှတ်တော် မူဝါဒချမှတ်သူတွေဟာ ကျွန်းနိုင်ငံကို အင်အားသုံး သိမ်း ယူဖို့ ကြိုးပမ်းမှုမှာ ပါဝင်ဆောင်ရွက်လာမယ်ဆိုရင် တရုတ် နိုင်ငံအပေါ် ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ ဥပဒေတွေကိုလည်း အသင့်ပြင်ဆင်ထားကြပါတယ်။

ယေဘုယျအားဖြင့်၊ ထိုင်ဝမ်မဲဆန္ဒရှင်တွေဟာ လိုင်ချင်းတေနဲ့ လက်ရှိ DPP ပါတီကို အောင်ပွဲခံနိုင် စေခြင်း အားဖြင့် အပြောင်းအလဲ ဆက်လက်တည်မြဲရေးကို ရွေး ချယ်ခဲ့ကြပါတယ်။ DPP ရဲ့ အောင်မြင်မှု ကလည်း သမ္မတ ကို လူထုဆန္ဒမဲစနစ်အရ တိုက်ရိုက်ရွေးကောက်ခွင့်ရရှိချိန် ၁၉၉၆ ခုနှစ်နောက်ပိုင်းကတည်းက သုံးကြိမ် ဆက်တိုက် သမ္မတရာထူးရရှိခဲ့တဲ့ ပထမဆုံးပါတီ  ဖြစ်လာပါတယ်။ ရွေးကောက်ပွဲရလဒ် မထွက်ပေါ်မီ လွန်ခဲ့တဲ့ ရက်သတ္တ နှစ်ပတ်ကျော်က ကောက်ယူခဲ့တဲ့ လူထုသဘောထား စစ်တမ်းတွေအရ မဲအနည်းငယ်အသာနဲ့ အနိုင်ရရှိမယ့် အကြောင်း ထင်ကြေးကတော့ ကွက်တိ မှန်ကန်နေပါတယ်။

ကျွန်းနိုင်ငံဆန္ဒရှင်တွေဟာ ပြည်မကြီးကို အုပ်ချုပ် နေတဲ့ ကွန်မြူနစ်ပါတီ CCP နဲ့ ပါတီခေါင်းဆောင် ရှီကျင့်ဖျင်အပေါ်  ထိုင်ဝမ်  DPP ပါတီရဲ့ သံသယအမြင်ကို ထောက်ခံလိုက်ကြပြီး ဆိုင်အင့်ဝမ် အစိုးရလက်ထက် ပြည်တွင်း စီးပွားရေးနှေးကွေးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကို အများစုက လျစ်လျူရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ရွေး  ကောက်ခံသမ္မတ လိုင်ချင်းတေအတွက် ပြီးပြည့်စုံတဲ့ အောင်ပွဲတော့ မဟုတ်သေးပါဘူး။ အစိုးရတစ်ရပ်အနေနဲ့ ထောက်ခံသူ ခိုင်မာအားကောင်းခြင်းမရှိတဲ့ ဥပဒေပြု လွှတ်တော်တစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းရဖို့ရှိနေပါ တယ်။

အဓိက အတိုက်အခံပါတီကြီးနှစ်ခုဖြစ်တဲ့ အမျိုးသား ရေးပါတီ ဒါမှမဟုတ် ကူမင်တန် (KMT)နဲ့ ထိုင်ဝမ်ပြည်သူ့ ပါတီ (TPP) တို့ရဲ့ ပူးပေါင်းဆန့်ကျင်မှုများကို ရင်ဆိုင်ရပါ လိမ့်မယ်။ အဲဒီကိစ္စဟာ မြေစမ်း ခရမ်းပျိုးစ လိုင်ချင်းတေ အစိုးရအတွက် ယေဘုယျအားဖြင့် စိန်ခေါ်မှု ပိုမိုလာခြင်းပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ တွေတုန်းကလိုပဲ မဲပေးသူအရေအတွက်ဟာ ၇၂ ရာခိုင်နှုန်း နီးပါးရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ထက် အနည်းငယ် လျော့ နည်းပြီး ၂၀၂၄ ခုနှစ် ၈၀ ရာခိုင်နှုန်းခန့် မဲပေးခဲ့ကြတဲ့ ရွေး ကောက်ပွဲထက်တော့ အတော်ကြီးနည်းပေမယ့် ကျွန်း နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို အခိုင်အမာအတည်ပြုနေဆဲ ဖြစ်ပါတယ်။ 

ထိုင်ဝမ်တာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲရလဒ် တွေကို မဲရုံပိတ်ပြီး နာရီအနည်းငယ်အတွင်း ကြေညာနိုင်ခဲ့ ပါတယ်။ မဲရေတွက်စဉ် ရွေးကောက်ပွဲရလဒ်အပါ် လွှမ်းမိုးဖို့ အတွက် ပြည်မကြီးက သိသိသာသာ ကြိုးပမ်းခဲ့ပေမယ့် ယေဘုယျအားဖြင့် မဲလိမ်လည်မှု၊ အင်အားသုံးခြိမ်းခြောက် မှု ဒါမှမဟုတ် ပြင်ပဩဇာလွှမ်းမိုးမှုကင်းတဲ့ ရွေးကောက် ပွဲလို့ သတ်မှတ်ကြပါတယ်။ ရွေးကောက်ပွဲအပြီး တစ်ပြိုင် နက်တည်းမှာပဲ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးနဲ့ ပတ်သက် ပြီး ပစိဖိတ်သမုဒ္ဒရာ “နော်ရူ-ကျွန်းနိုင်ငံ”နဲ့ သံတမန် မဟာ မိတ်အဖြစ်မှ ဆုံးရှုံးသွားပါတယ်။

တရုတ်အနေနဲ့ ထိုင်ဝမ်အရေးဟာ စေ့စပ်ညှိနှိုင်းဖို့ မဖြစ်နိုင်တဲ့ကိစ္စရပ်အဖြစ် ဆက်လက်ရှုမြင်ဖို့သာ ရှိပါ တယ်။ လိုင်ချင်းတေ အောင်ပွဲခံကြောင်း သတင်းအပေါ် ပြည်မကြီးအစိုးရ ထိုင်ဝမ်ရေးရာရုံးက ပခုံးတွန့်ပြလိုက်ပြီး ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးထဲက အစိတ်အပိုင်းဖြစ် ကြောင်း ထပ်ခါတလဲလဲ ပြောဆိုပါတယ်။ လိုင်ချင်းတေ ရွေးကောက်ခံရရုံနဲ့ ရေလက်ကြားဖြတ်ကျော် ဆက်ဆံ ရေးရဲ့ အခြေခံပုံစံနဲ့ ဆက်လက်စီစဉ်ဆောင်ရွက်မှုအပေါ် အပြောင်းအလဲ ဖြစ်လာမှာမဟုတ်ဘူးလို့ မှတ်ချက်ပေး ပါတယ်။

ရှီကျင့်ဖျင်နဲ့ သူ့လက်အောက်ငယ်သားတွေဟာ သူတို့ရဲ့ မကျေနပ်ချက်တွေကို ထိုင်ဝမ်နေထိုင်သူတွေ သိရှိ လာစေဖို့ ပြသဖွယ်ရှိပါတယ်။ လိုင်ချင်းတေ ကျမ်းသစ္စာ ကျိန်ဆိုမယ့် မေလ ၂၀ ရက်နေ့အထိ နောက် ၄ လ အတွင်း ကျွန်းနိုင်ငံရဲ့  ရေပြင်ဝေဟင်ပိုင်နက်အတွင်း စစ်ရေးအရ ကျူးကျော်မတွေ၊ မဟုတ်မမှန် သတင်းထုတ်လွှင့်မှုတွေ၊ စီးပွားရေးအရ ဖိအားပေးဖို့တို့ကို ဆက်လက်ပြုလုပ် နေမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်နေသူတွေ စီးပွားရေးအရ ထိခိုက် ဖို့နဲ့ သူတို့ရဲ့ရပ်တည်ချက်ကို အမေရိကန်နဲ့ ကျန်ကမ္ဘာက သိရှိလာစေဖို့ အားထုတ်ပါလိမ့်မယ်။

မိုင်ပေါင်း ၃၅၀ဝ ကျော်ကွာဝေးတဲ့ ထိုင်ဝမ်နဲ့ သံ အဆက်အသွယ်ဖြတ်တောက်ပြီး ပြည်မကြီးနဲ့ ဆက်ဆံ ရေးတိုးမြှင့်မယ်ဆိုတဲ့ နော်ရူဟာ ၈ စတုရန်းမိုင်ခန့်သာ ကျယ်ဝန်းပြီး နေထိုင်သူ တစ်သောင်းမပြည့်တဲ့ ကမ္ဘာ့ ဒုတိယမြောက် လူဦးရေအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဩစတြေးလျ၊ အင်ဒိုနီးရှားတို့နဲ့ သိပ်မဝေးတဲ့ ကျွန်းနိုင်ငံလေးရဲ့အပြုအမူဟာ ထိုင်ဝမ်ကို သံတမန်ရေး အရ အထီးကျန်စေလိုတဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု လက်တံကို ခန့်မှန်းလို့ရပါတယ်။

ပေကျင်းအတွက် မနှစ်မြို့စရာ “ဒုက္ခပေးသူ” နဲ့ “ခွဲ ထွက်ရေးသမား” အဖြစ် သမုတ်ခံရသူ လိုင်ချင်းတေဟာ ထိုင်ဝမ်ကို တရားဝင်လွတ်လပ်ရေးဆီသို့ တွန်းပို့လိုပြီး ရှီကျင့်ဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီအတွက် အထူးစိုး ရိမ်စရာ “ပြဿနာကောင်”  ဖြစ်နေပါတယ်။ လိုင်ချင်းတေ ကိုယ်တိုင်ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုပြီး ထိုင်ဝမ်ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ် နှစ်ပေါင်းများစွာ လည်ပတ်နေပြီးဖြစ်လို့ “လွတ်လပ်ရေး ကြေညာရန် အထူးတလည် မလိုအပ်ဘူး” လို့ ဆိုပါတယ်။ 

သူတို့ကိုယ်သူတို့ ထိုင်ဝမ်လူမျိုးများသာဖြစ်ပြီး ပြည် မကြီး တရုတ်နဲ့ သိသာထင်ရှားစွာ ကွဲလွဲကြောင်း ပြောဆိုနေ သူ ကျွန်းနိုင်ငံသားတို့ဟာ DPP ပါတီရဲ့ ရေလက် ကြားဖြတ်ကျော်ဆက်ဆံရေးအပေါ် သူတို့ရဲ့ သဘော ထားအမြင်ကို ရွေးကောက်ပွဲနဲ့ ပြသလိုက်ပါတယ်။ ပြည်မ ကြီးနဲ့  “ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး” မှာ မဖြစ်နိုင်ကြောင်း အဖြေပေးသလို ရှိပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်အောင်ဆန်းစုကြည်ထံ နစက ပြည်ထဲရေးဝန်ကြီးက ပုံမှန်သွားရောက်တွေ့ဆုံပြီး ဆေးဝါးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနေဟု စုံစမ်းသိရှိရ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved