စစ်ပွဲများကို ရပ်စဲပြီး ဘက်အသီးသီးမှ ခေါင်းဆောင်များအနေ ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ပြည်သူ့ပါတီ တိုက်တွန်း
မြူနစ် (NSS) - ဖေဖော်ဝါရီ ၁၂
စစ်ပွဲများကို ရပ်စဲပြီး ဘက်အသီးသီးမှ ခေါင်းဆောင်များအနေ ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ပြည်သူ့ပါတီက တိုက် တွန်းလိုက်သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီက ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျ ရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကြေညာ ချက်ထုတ်ပြန်ကာ အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ယနေ့အချိန်ထိ ပြည်ထောင်စုစစ်စစ်မူကို မတည်ဆောက်နိုင်ခဲ့ပဲ ပြည်ထောင်စုကြီးဆက်လက်တည်တံ့ရန်ကိုပင် စိန်ခေါ်မှု ကြီး မားစွာ ရင်ဆိုင်နေရသော အခြေအနေဖြစ်သည်ဟု ပြည်သူ့ပါတီက ရှုမြင်ထားသည်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာသည်နှင့်အမျှ ပြည်ထောင်စုအိပ်မက်သည်လည်း မှေးမှိန်လာကာ လက်နက်မဲ့ ပြည်သူများ၏ သေကြေပျက်စီးမှုသည် အတိုင်းအဆမရှိ ဆက် လက်ကြီးထွားလာနေကြောင်းလည်း ပြည်သူ့ပါတီက ဆိုသည်။
သာမန်လက်နက်ကိုင်ပဋိပက္ခမှသည် နာကျည်းမုန်းတီမှု၊ အပြန် အလှန်လက်စားချေမှု၊ လူမျိုးရေးပဋိပက္ခများအသွင်အထိ ဦးတည်လာနိုင်ပြီး အတောမသတ်နိုင်သော အနိဋ္ဌာရုံများကိုလည်း ဆက်လက်ရင်ဆိုင်လာရနိုင်ကြောင်း ပြည်သူ့ပါတီ၏ ကြေညာချက်တွင် ထည့်သွင်းသုံးသပ်ထားသည်။
ထို့ကြောင့် လက်နက်မဲ့တိုင်းရင်းသားပြည်သူအားလုံး၏ အသက်ရှင်ရပ်တည်ရေး၊ အမျိုးသားခေါင်းဆောင်ကြီးများ ကြိုးပမ်း မျှော် မှန်းခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေးတို့ကို ခြိမ်းခြောက်နေသော စစ်မက်ဖြစ်ပွားမှုများကို ရပ်စဲ၍ ဘက်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် ပြည်သူ့ပါတီက အနူး အညွတ်မေတ္တာရပ်ခံတိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စတင်ခဲ့သော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသား (၆၈၈၀)ထက်မနည်းသည် အကြမ်း ဖက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ