စိန်ဖူးတော်ပင့်ပြီးပြန်လာသည့် ကားတစ်စီး မြောင်းထဲထိုးကျ တိမ်းမှောက်ခဲ့ရာ ကိုရင်(၁၁)ပါး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် စိန်ဖူးတော်ပင့်ပြီး ကျောင်းတိုက်သို့ ပြန်လာသည့် ကားတစ်စီး ဘရိတ်ပေါက်၍ မြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ရာ ကိုရင်အပါအဝင် (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖေးမကူညီလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ကားသည် ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)၊ နေ့လည်ပိုင်းတွင် မန္တလေးမြို့မှမော်လမြိုင်မြို့သို့ စိန်ဖူးတော်ပင့်ပြီး ပြန်လာစဉ် ဝေါမြို့နယ်၊ ညောင်ခါးရှည် စံပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဦးဇင်းပြောပြတာအရဆိုရင် သူတို့အရှေ့က ကားတစ်စီးကို တွေ့တော့ ရှောင်လိုက်တာ ဘရိတ်ပေါက်ပြီး မြောင်းထဲထိုးကျသွားတာ။ ကိုရင်တွေပါတဲ့ ကားကတော့ Canter ပါ။ ဟိုဘက်ကားနဲ့ဘာမှမဖြစ်ဘူး။ ဒီဘက်ကိုရင်တွေကားပဲ မြောင်းထဲကျသွားတာ။ လက်ရှိ ကိုရင်က ၁၁ ပါး ၊ ကျောင်းသားက တစ်ယောက် ထိခိုက်ဒဏ်ရာ ရပါတယ်”ဟု ဖေးမကူညီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်ပေါ်တွင် ဦးဇင်း (၃)ပါး၊ ကိုရင်(၁၆)ပါးနှင့် ကျောင်းသား (၆)ဦး စုစုပေါင်း(၂၅)ဦး လိုက်ပါစီးနင်းလာခဲ့ပြီး ကိုရင် (၁၁)ပါးနှင့် ကျောင်းသားတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ဖေးမကူညီလူမှုကူညီရေးအသင်းမှ ညောင်ခါးရှည်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲများကို ရပ်စဲပြီး ဘက်အသီးသီးမှ ခေါင်းဆောင်များအနေ ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ပြည်သူ့ပါတီ တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း