Pre Order ဖြင့် လျှပ်စစ်ကား မရောင်းချရန် နှင့် လိုက်နာမှုမရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်
ပုံစာ - ပြည်တွင်းသို့ တင်သွင်းလာသည့် လျှပ်စစ်ကားများ
NSS - ဖေဖော်ဝါရီ ၁၂
Pre Order စနစ်ဖြင့် လျှပ်စစ်ကားများ ရောင်းချနေမှုများမပြုလုပ်ရန် နှင့် လိုက်နာမှုမရှိပါက သွင်းကုန်/ပို့ကုန် လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ကားတင်သွင်းရောင်းချမှုများကို သက် ဆိုင်ရာ ကားအရောင်းပြခန်းဖွင့်လှစ်ခြင်း နှင့် အရောင်းစာချုပ် စနစ်ဖြင့် ရောင်းချရန် ကန့်သတ်ထားပြီးဖြစ်သည်။ သို့သော်လက်ရှိတွင် အွန်လိုင်းမှတဆင့် ကြော်ငြာရောင်းချနေမှုများနှင့် ကြိုတင်အမှာ(Pre Order)ဖြင့် ရောင်းချမှုများရှိနေခြင်းကြောင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ ပြစ်ဒဏ်ချမှတ်သွားမည်ဟု သိရသည်။
“ပရီအော်ဒါ နဲ့မရောင်းဖို့ ၊အမြတ်ကိုလဲ CIF တန်ဖိုးရဲ့ ၂၀ ရာခိုင် နှုန်းမကျော်ဖို့ ပြဌာန်းချက်ကရှိပြီသားပါ။ အခု လျှပ်စစ်ကားတင်သွင်းသူတွေက မလိုက်နာလို့စာထပ်ထွက်လာတာပါ” ဟု မြန်မာ နိုင်ငံကားတင်သွင်းထုတ်လုပ်ဖြန်ဖြူးရောင်းချသူများအသင်းမှတာဝန်ရှိသူက ပြောသည်။
လတ်တလောတွင် ကညန စာရင်းအရ လျှပ်စစ်ကားနှစ်ထောင်ဝန်းကျင်မှတ်ပုံတင်ထားပြိး ယခုနှစ်အတွင်း၌ လျှပ်စစ်ကားတင်သွင်းခွင့်ရရှိသောကုမ္ပဏီငါးဆယ်ကျော်က လျှပ်စစ်ကားများတင်သွင်းရန်ပြင်ဆင်နေကြသည်။ ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် စက်သုံးဆီဈေးမြင့်တက်နေခြင်းကြောင့် လျှပ်စစ်ကားဝယ် ယူမှုမြင့်တက်နေပြီး ဈေးကွက်ပေါက်ဈေးအရ ငွေကျပ်သိန်း ၈၀၀ မှ သိန်း ၂၀၀၀ အကြား လျှပ်စစ်ကားများမှာ ရေပန်းစားနေကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိန်ဖူးတော်ပင့်ပြီးပြန်လာသည့် ကားတစ်စီး မြောင်းထဲထိုးကျ တိမ်းမှောက်ခဲ့ရာ ကိုရင်(၁၁)ပါး ထိခိုက်ဒဏ်ရာရ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း