သုံးလအတွင်း ပရဟိတအသင်း (၂)သင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပစ္စည်းများအားလုံးနီးပါး ဆုံးရှုံးမှုဖြစ်ပွား
စော (NSS) - ဖေဖော်ဝါရီ ၁၁
(၃)လတာကာလအတွင်း ပရဟိတအသင်း (၂)သင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ပစ္စည်းများအားလုံးနီးပါးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ယနေ့(ဖေဖော်ဝါရီလ ၁၁ ရက်)၊ နံနက်ပိုင်း ၂ နာရီ မိနစ် (၂ဝ) အချိန်က ဇေယျသီရိ (၂)ရပ်၊ အောင်သပြေလမ်း၌ ကရုဏာနာရေးကူညီမှုအသင်း (မြိတ်)ရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“နာရေးကူညီမှုရုံးအတွင်းထဲက စလောင်တာ။ ဖြစ်တဲ့အချိန်ကလည်း ဗော်လံတီယာ ကောင်လေး နှစ်ယောက်လည်းအိပ်နေတယ်။ မီးဘာကြောင့်လောင်လဲဆိုတာ မသိသေးဘူး။ မီးကြီးမှ သိတာ။ အဲဒီကောင်လေးနှစ်ယောက်လည်း မီးတောက်မှ သိရတာ။ ရုံးကလည်း တစ်ရုံးလုံး ပြာကျသွားတယ်ဆိုတော့ အတိအကျတော့ မသိနိုင်ဘူး။ အသင်းရုံး အပါအဝင် နေအိမ် (၆)လုံး ပါသွားတယ်။ အသင်းရုံးကားက ၂ စီးရယ်၊ ရုံး ဥက္ကဋ္ဌ ကိုယ်ပိုင်ယာဉ် ၂ စီးရယ် လေးစီးလောင်သွားတယ်" ဟု ဝဋံသကနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုအား နှစ်နာရီ နီးပါးကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၄)နာရီ ၃ဝ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
အထက်ပါအတိုင်း ပစ္စည်းများ ဆုံးရှုံးမှုရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းကလည်း ကယားပြည်နယ်ရှိ ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းရုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာတင်ယာဉ် (၇)စီး နှင့် အခြားပစ္စည်းများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် အဆိုပါအသင်းအနေဖြင့် ပရဟိတများကို ပြန်လည်စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သတင်းထောက်တက်ကာကာဆန်က သစ္စာဖောက်တစ်ဦးဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း