အသိမှတ်ဥာဏ်ပိုင်းကောင်းမွန်မှုမရှိဘူးဆိုသော စွပ်စွဲဝေဖန် ချက်များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ငြင်းဆန်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁ဝ
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မိမိ၏အသိမှတ်ဥာဏ်များကောင်းမွန်မှုရှိနေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဘဝတွင် တွေ့ကြုံရသော အဖြစ်အပျက်များကို ကောင်းကောင်း ပြန်လည်မှတ်မိစေရန် ရုန်းကန်နေရသည်ဆိုသော လျှို့ဝှက်မှတ်တမ်းအစီရင်ခံစာထွက်ပေါ်လာခဲ့ပြီးနောက် ပြန်လည်တုံ့ပြန်လာခြင်းဖြစ်သည်။ အမေရိ ကန်တရားရေးဌာန အထူးကောင်စစ်ဝန် ရောဘတ်ဟားက ဂျိုးဘိုင်ဒန်သည် ဒုတိယသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း အာဖန်ဂန်နစ္စတန်နှင့် ပတ်သက်သော စစ်ရေး၊ နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်သော စာရွက်စာတမ်းများကို ခွဲခြား ထားတာမျိုးရှိခဲ့ပြီး သမ္မတ၏ အသိမှတ်ဥာဏ်များက အကန့်အသတ်ဖြင့်သာ ရှိနေကြောင်းဆိုသည်။ အသက် (၈၁)နှစ်အရွယ်ရှိ ဂျိုးဘိုင်ဒန်၏ အသိမှတ်ဥာဏ်အခြေအနေကို စုံစမ်းမှု အစိတ်အပိုင်းအဖြစ် ငါးနာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရောဘတ်ဟားက စာမျက်နှာပေါင်း ၃၄၅ ပါရှိသော အစီရင်ခံစာတွင်ရေးသားဖော်ပြထားသည်။
ဂျိုးဘိုင်ဒန်သည် လက်ရှိအချိန်တွင် အသက် (၈၁)နှစ်အရွယ်ရှိနေသည့်အတွက် ၎င်း၏မှတ်ဥာဏ်နှင့်ပတ်သက်ပြီး မေးခွန်း ထုတ်မှုမြင့်တက်နေကြောင်းသိရသည်။ သို့သော်လည်း အမေရိကန်သမ္မတက သားဖြစ်သူသေဆုံးခြင်းကို ကောင်းကောင်း မမှတ်မိတော့ကြောင်းပြောဆိုခြင်းများကို ပယ်ချခဲ့ပြီး ၎င်း၏ မှတ်ဥာဏ်များအကောင်းအတိုင်းရှိနေဆဲ ဖြစ်ကြောင်းပြောသည်။ ဂျိုးဘိုင်ဒန်က "ကျွန်တော့်ရဲ့မှတ်ဥာဏ်က ပုံမှန်အတိုင်းအကောင်းအတိုင်းရှိနေပါတယ်။ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း မှတ် ဥာဏ်ပိုင်း ဆိုးရွားတာမျိုးမရှိပါဘူး"ဟုပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဥပဒေပိုင်းဆိုင်ရာအဖွဲ့ကလည်း သမ္မတဂျိုးဘိုင်ဒန်၏ မှတ်ဥာဏ်ကောင်းမွန်မှုမရှိတော့ဘူးဆိုသော ရောဘတ်ဟား၏ အစီရင်ခံစာကို ဝေဖန်ပြစ်တင်ထားကြောင်း သိရ သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အမေရိ ကန်သမ္မတသမိုင်းတွင် အသက်အကြီးဆုံးသမ္မတအဖြစ်စံချိန်တင်ထားသူဖြစ်ပြီး ၎င်း၏အသက်အရွယ် နှင့် မှတ်ဥာဏ်ပိုင်းဆိုင်ရာမကြာခဏ မေးခွန်းထုတ်ခံရကာ ပြီးခဲ့သောနှစ်အတွင်း အစည်းအဝေးပွဲအချို့တွင် အပြုအမူ၊ အပြောအဆိုမှုများအမှားယွင်းများဖြစ်ခဲ့ကြောင်း ဝေဖန်ပြစ်တင်သံများထွက်ပေါ်ခဲ့ဖူး သည်။ ဂျိုးဘိုင်ဒန်သည် အသက် (၈၁)နှစ်အရွယ်ရှိနေ သော်လည်း ယခုနှစ်အတွင်းကျင်းပမည့် သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ၎င်း၏အသက်အရွယ်အပေါ် မေးခွန်းထုတ်မှုများမြင့်တက်နေကြောင်းစစ်တမ်းများတွင်ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် Hyundai Staria ကားတစ်စီး မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ