Luxury brand ဖြစ်တဲ့ Hermes က ဝန်ထမ်း (၂)သောင်းကျော်အတွက် အမေရိကန်ဒေါ်လာ ၄,၃၀၀ ဘောနပ်စ်ချီးမြှင့်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁ဝ
ပြင်သစ်ဇိမ်ခံ အသုံးအဆောင် ကုမ္ပဏီကြီးဖြစ်တဲ့ Hermes ဟာ ပြီးခဲ့တဲ့နှစ်က နှစ်စဉ်ရောင်းအားနဲ့ အသားတင်အမြတ်ငွေ စံချိန်တင်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းရဲ့ဝန်ထမ်း ၂၂,၀၀၀ အတွက် အမေရိကန်ဒေါ်လာ ၄၃ဝဝ ဘောနပ်စ် ချီးမြှင့်ခဲ့တယ်လို့ သောကြာနေ့ (ဖေဖော်ဝါရီလ ၉ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်ကထက် ရောင်းအား ၂၈ ရာခိုင်နှုန်း၊ ပိုမိုကောင်းမွန်တဲ့ အမြတ်ငွေ ယူရို ၄ ဒသမ ၃ ဘီလျံ(အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ)အထိ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အသီးအပွင့်ဟာ ကမ္ဘာတစ်ဝှမ်းရှိ ၎င်းရဲ့ ဝန်ထမ်း ၂၂,၀၀၀ ရဲ့ ကြိုးစားမှု တစ်စိတ်တစ်ပိုင်း ပါဝင်တာကြောင့် ယခုနှစ် အစောပိုင်းမှာပဲ ၎င်းတို့ကို အမေရိကန်ဒေါ်လာ ၄,၃၀၀ ဘောနပ်စ်ခံစားခွင့်ပေးမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အစုရှယ်ယာရှင်တွေအတွက်လည်း အမြတ်ဝေစုတွေ တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ ပဲရစ်စတော့အိတ်ချိန်း မှာ Hermes ရဲ့ ရှယ်ယာများ လေးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်းအုပ်စုဖြစ်တဲ့ LVMH ကတော့ ရှယ်ယာများ ၀ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Gucci ကတော့ အမြတ်ငွေ ၀ ဒသမ ၇ ရာခိုင်နှုန်းအထိ တက်လာခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသိမှတ်ဥာဏ်ပိုင်းကောင်းမွန်မှုမရှိဘူးဆိုသော စွပ်စွဲဝေဖန် ချက်များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ငြင်းဆန်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း