ဂရမ်မီဆုပေးပွဲမှာ အတွင်းခံ မဝတ်ခဲ့မိကြောင်းပြောလာတဲ့ ဂရမ်မီဆုရှင် မိုင်လေဆိုင်းရပ်စ်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၉
ဂုဏ်သိက္ခာကြီးမားလှတဲ့ ဂရမ်မီဆုပေးပွဲကြီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၄ ရက်) က ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ဂရမ်မီဆုပေးပွဲကြီးမှာ တေလာဆွဖ်၊ ဘဲလာအက်ဒီ၊ မိုင်လေဆိုင်းရပ်စ် အပါအဝင် အနုပညာရှင်များစွာ ဂရမ်မီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မိုင်လေရဲ့ကျေးဇူးတင်စကားဟာ ပရိသတ်တွေအတွက် ရီမောစရာဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မိုင်လေက ဆုအတွက် ကျေးဇူးတင်စကားပြောခဲ့ပြီး နောက်ဆုံးမှာ "ဘယ်သူ့ကိုမှ ကျေးဇူးတင်စကားပြောဖို့ မမေ့ခဲ့ဘူးထင် တာပဲ။ ဒါပေမယ့် ကျွန်မအတွင်းခံ ဘောင်းဘီဝတ်လာဖို့တော့ မေ့သွားတယ်" လို့ ပြောခဲ့တာပါ။
ဒီစကားကြောင့် ပရိသတ်တွေ ပွဲကျသွားခဲ့ပေမယ့် မိုင်လေကတော့ နောက်ပိုင်းမှာ အဆိုပါစကားဟာ နောက်ပြောင် ခြင်းတစ်ခုသာဖြစ်တယ်လို့ X app မှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သူမဟာ အဲဒီနေ့က သူမရဲ့ခန္ဓာကိုယ် တစ်ဖက် ခြမ်းလုံးကို ထင်ရှားပေါ်လွင်စေတဲ့ရွှေပြားပေါင်း ၁၄,ဝဝဝ နဲ့ပြုလုပ်ထားတဲ့ဖက်ရှင်ဒီဇိုင်းကို ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
၂ဝ၂၄ ခုနှစ် ဂရမ်မီဆုပေးပွဲကြီးမှာ သူမက "Flowers” သီချင်းနဲ့ ဂရမ်မီဆု ရရှိခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှစ၍ ပြည်တွင်းမှကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်ရေးဆောင်ရွက်မည်ဟုဆို
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ