Coca Cola Coke အချိုရည်က အစပ်အရသာအသစ် ထုတ်မည်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၉
ကမ္ဘာကျော် အချိုရည် Brand Coke က ၎င်းရဲ့နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း တစ်ခါမှ မထုတ်ခဲ့ဖူးတဲ့ အရသာသစ်တစ်မျိုးကို မိတ်ဆက်လာခဲ့ပါတယ်။
Coca-Cola ဟာ သုံးစွဲသူတွေကို ထပ်မံဆွဲဆောင်ဖို့အတွက် အရသာသစ်တစ်မျိုးကို အချိန်တစ်ခုပေးကာ စမ်းသပ်မှု များ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအရသာသစ်ကတော့ Coca Cola Spiced လို့ခေါ်တဲ့ အစပ်အရသာပဲဖြစ်ပါတယ်။ နောက်ဆုံးထွက်အရသာဖြစ်တဲ့ Coca-Cola Spiced ဟာ မကြာမီကာလအတွင်း ၎င်းရဲ့ရွေးချယ်မှု အများဆုံး အရသာဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
Coca-Cola Spiced အရသာအသစ်ကို ဗုဒ္ဓဟူးနေ့( ဖေဖော်ဝါရီ ၇ ရက်) က ကြေညာခဲ့ပြီး ၎င်းဟာ ရိုးရာ Coke အရသာကို ရက်စ်ဘယ်ရီနဲ့ Olipop ၊ Poppi စတဲ့ ဟင်းခတ်အမွှေးအကြိုင်အရသာများ ရောစပ် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ၎င်းကို လာမယ့်ရက်သတ္တပတ်များအတွင်း အမေရိကန်နဲ့ ကနေဒါ စတိုးဆိုင်စင်တွေမှာ သကြား အပြည့်နဲ့ Suger free မျိုးကွဲနှစ်မျိုးနဲ့ ရရှိနိုင်တော့မှ ဖြစ်ပါတယ်။
Coca Cola ဟာ ၁၈၈၆ ခုနှစ်၊ မေ လ ၈ ရက်က စတင်ဖြစ်ပေါ်လာပြီး ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ အချိုရည်တစ်မျိုးဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂရမ်မီဆုပေးပွဲမှာ အတွင်းခံ မဝတ်ခဲ့မိကြောင်းပြောလာတဲ့ ဂရမ်မီဆုရှင် မိုင်လေဆိုင်းရပ်စ်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း