အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း Kataib Hezbollah စစ်သွေးကြွအဖွဲ့၏ အကြီးတန်းတပ်မှူးတစ်ဦး အပါအဝင် (၃)ဦး သေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၈
အမေရိကန်တပ်ဖွဲ့များသည် ဖေဖော်ဝါရီလ(၇)ရက် ညပိုင်းတွင် အီရတ်မြို့တော် Baghdad အတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ Kataib Hezbollah စစ်သွေးကြွအဖွဲ့ အကြီးတန်းတပ်မှူးတစ်ဦး အပါအဝင် အဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အမေရိကန်တပ်ဖွဲ့များက အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က အတည်ပြုပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များသည် Kataib Hezbollah စစ်သွေးကြွအဖွဲ့ဝင်(၃)ဦး လိုက်ပါလာသောကားကို Baghdad မြို့ Mashtal ရပ်ကွက်တွင် ည(၉)နာရီ ၃ဝ မိနစ်အချိန်ခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို အမေရိကန်၏ ကျူးကျော်တိုက်ခိုက်မှုတစ်ခုအဖြစ် ဒေသတွင်းမီဒီယာ Sabereen သတင်းစာက ဖော်ပြခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသောဓါတ်ပုံများတွင် အမေရိကန်၏ တိုက်ခိုက်ရေး ဒရုန်းများ အသုံးပြုလေ့ရှိသော Hellfire ဒုံးကျည်၏ အစိတ်အပိုင်းများကိုလည်း တွေ့မြင်ခဲ့ရသည်။
ထို့အပြင် သေဆုံးသူ(၃)ဦးအနက် (၂)ဦးမှာ ဆီးရီးယားရှိ Kataib Hezbollah စစ်သွေးကြွအဖွဲ့၏ စစ်ဆင်ရေး တာဝန်ခံ Wissam Mohammed ‘Abu Bakr’ al-Saadi နှင့် Haj Arkhan Al-Alawi တို့ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့များတိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် Kataib Hezbollah စစ်သွေးကြွအဖွဲ့ အကြီးတန်းတပ်မှူးတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် CENTCOM က ပြောကြားခဲ့သည်။
CENTCOM က "ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ တိုက်ရိုက်စီစဉ်ပေးတာတွေ ပါဝင်ခဲ့တာ တွေအတွက် တာဝန်ရှိတဲ့ Kataib Hezbollah စစ်သွေးကြွအဖွဲ့ အကြီးတန်းတပ်မှူးတစ်ဦးကို ဒရုန်းနဲ့တိုက်ခိုက်မှု အတွင်း သတ်ပစ်နိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်လတွင် အမေရိကန်တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးစေခဲ့သည့် ဆီးရီးယား-အီရတ်-ဂျော်ဒန်နယ်စပ်အနီးရှိ စစ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုအတွက် Kataib Hezbollah စစ်သွေးကြွအဖွဲ့တွင် တာဝန်ရှိကြောင်း အမေရိကန်က ပြစ်တင်ဝေဖန်ပြောခဲ့သည်။
လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က လေကြောင်းမှတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် Kataib Hezbollahစစ် သွေးကြွအဖွဲ့က ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄ ခုနှစ်တွင် ခရိုင်းမီးယားတံတားကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ယူကရိန်းစစ်ဘက် ကတိပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း