ဧပြီလအတွင်း တေးအယ်လ်ဘမ်သစ် ထပ်မံထွက်ရှိမည့် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်
Pika (NSS) - ဖေဖော်ဝါရီ ၇
ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်သည် အကောင်းဆုံးပေါ့ပ်အဆိုတော်အယ်လ်ဘမ်အတွက် ဂရမ်မီဆုကို လက်ခံရယူနေချိန်အတွင်း ၎င်း၏ အယ်လ်ဘမ်အသစ် ထွက်ရှိမည့် အကြောင်းကို ထုတ်ပြန် ကြေညာသွားခဲ့ကြောင်း သိရသည်။
တေလာဆွစ်ဖ်က "ကျွန်မရဲ့အယ်လ်ဘမ်အသစ်က ဧပြီလ(၁၉)ရက်မှာ ထွက်ရှိလာပါလိမ့်မယ်။ အဲဒီ အယ်လ်ဘမ်ကို Tortured Poets Department လို့ ခေါ်ပါတယ်။ ဒီဆုပေးပွဲပြီးရင် တစ်ခါတည်း အဲဒါကို ကာဗာသွားတင်တော့မှာပါ" ဟု ကြေညာခဲ့သည်။
တေလာဆွစ်ဖ်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လေးညဖျော်ဖြေပြီးပါက ၎င်း၏ Eras ဖျော်ဖြေရေး ခရီးစဉ်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်စတင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
တေလာဆွစ်ဖ်သည် ၎င်း၏ Midnights အယ်လ်ဘမ်ဖြင့် Album of the year Grammy Awards ဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး Album of the year Grammy Award (၄) ကြိမ် ရရှိမှုဖြင့် စံချိန်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဆိုရှယ်မီဒီယာပလက်ဖောင်း X (တွစ်တာ)ပေါ်တွင် တေလာဆွစ်ဖ်၏ AI ဖြင့် ဖန်တီးထားသော မဖွယ်မရာပုံများ ပျံနှံ့ခဲ့ပြီးနောက် တွစ်တာသည် ၎င်း၏ ပလက်ဖောင်းပေါ်တွင် တေလာဆွစ်နှင့်ပတ်သက်သည့်ရှာဖွေမှုမှန်သမျှကို ပိတ်လိုက်ရကြောင်းလည်း သိရသည်။
ထို့အပြင် AI ဖြင့် ဖန်တီးထားသော တေလာဆွစ်ဖ်၏ မဖွယ်မရာပုံများ ပျံ့နှံ့ခဲ့ခြင်းမှာ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ဇန်နဝါရီလ(၂၆)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
တေလာဆွစ်ဖ်သည် ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်ပြီး လှူဒါန်းမှုများကိုလည်း မကြာခဏလုပ်ဆောင် လေ့ရှိကြောင်း သိရသည်။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သော တေလာဆွစ်ဖ်သည် လက်ရှိအချိန်အထိ အအောင်မြင်ဆုံးအဆိုတော်အဖြစ် ရပ်တည်နေပြီး ၎င်း၏ကြွယ်ဝချမ်းသာမှုမှာ အမေရိကန်ဒေါ်လာ (၁ ဒသမ ၁) ဘီလျံ ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားဇာတ်လမ်းတွဲများ ကြည့်ရှုမိသည့်အတွက် ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခံရသော မြောက်ကိုရီးယားဆယ်ကျော်သက် လူငယ်နှစ်ဦး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ