မြို့ပတ်ရထားစီးနင်းမှု အနည်းငယ် ပြန်လည်မြင့်တက်လာ
NSS - ဖေဖော်ဝါရီ ၇
YBS ကားခများ ငွေကျပ် ၄၀၀ အထိ ဈေးမြင့်လာခြင်းကြောင့် မြို့ပတ်ရထားစီးနင်းသူခရီး သည် ဦးရေသည် တစ်ရက်လျှင် ၇၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း မြန်မာ့မီးရထားမှ သိရသည်။
"ကိုဗစ်ကာလမတိုင်ခင် အခြေအနေကိုတော့ ပြန်မရောက်သေးဘူး။ အခုကတော့ ကိုဗစ်ကာလထက် လူကတော့ ပိုများလာပြီ။ ရုံးတက် ၊ ရုံးဆင်းချိန်ဆိုရင်တော့ ရထားကို နည်နည်း ခပ်စိပ်စိပ်ထွက်ပေးတယ်။ ကျန်တဲ့အချိန်ဆိုရင်တော့ နည်းနည်းကျဲတယ်။ ဘတ်စ် ကားခတွေဈေးတက်လာတော့ ရထားစီးတဲ့သူများလာတာ" ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ ယခင်က ရထားအခေါက်ရေ ၃၀ သာ ပြေးဆွဲပေးရာမှ ကိုဗစ်ကာလနှင့် ကိုဗစ်ကာလအလွန်တွင် ရုံးချိန်ရထား အပါအဝင် အခေါက်ရေ ၂၆ ခေါက် ပြေးဆွဲပေးနေကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တစ်လျှောက်တွင် ဘူတာရုံပေါင်း (၃၈)ရုံရှိပြီး လတ်တလောကာလ၌ ရထားတွဲဆိုင်း (၆)ဆိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာလမတိုင်ခင် ရန်ကုန်မြို့ပတ်ရထားအား တစ်နေ့လျှင် ခရီးသည် (၈)သောင်းခန့် စီးနင်းမှုရှိပြီး ရထားတစ်စင်းနှင့် တစ်စင်းကွာခြားချိန်သည် ၁၅ မိနစ်မှ ၄၅ မိနစ်ခန့်အထိ ကွာခြားမှုရှိကာ မြို့တစ်ပတ်ပြေးဆွဲမှု ကြာချိန်သည် နှစ်နာရီနှင့် ၅၀ မိနစ်ကြာမြင့်ကြောင်း သိရသည်။ လက်ရှိတွင်လည်း ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်မှုများပြု လုပ်နေပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးစီးပါက ရထားတစ်စင်းနှင့် တစ်စင်း ၁၀ မိနစ်မှ ၁၂ မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ပြီး မြို့တစ်ပတ်ကြာချိန်အား တစ်နာရီနှင့် မိနစ် ၅၀ သို့လျှော့ ချနိုင်မည်ဖြစ်ကာ ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့်အား သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုများကို ဆောင် ရွက်ပြီးစီးပြီဖြစ်သော်လည်း ဘူတာပလက်ဖောင်းမြှင့်တင်ခြင်းလုပ်ငန်းများ၊ ဘူတာရုံ အ ဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည့်အတွက် မကြာမီ ကာလတွင် ဂျပန်ထံမှဝယ်ယူထားသည့် တွဲဆိုင်းသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများတွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း၏ စစ်ရေးနှင့်နိုင်ငံရေး အလှုပ်အခတ်များက မိတ်ဖက်များနှင့်ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း