ကိုရီးယားသိပ္ပံ နှင့် နည်းပညာတက္ကသိုလ်၌ ဖွင့်လှစ်ပို့ချမည့် အခြေခံကျောက်မျက်ပညာသင်တန်းကို မြန်မာနိုင်ငံသားများ အခမဲ့တက်ရောက်နိုင်ဟုဆို
စော(NSS) - ဖေဖော်ဝါရီ ၇
ကိုရီးယားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်၌ ဖွင့်လှစ်ပို့ချမည့် အခြေခံကျောက်မျက်ပညာသင်တန်းကို မြန်မာနိုင်ငံသားများ အခမဲ့တက်ရောက်နိုင်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
ကိုရီးယားသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၌ ကိုရီးယားနိုင်ငံသား/သူများနှင့် ထိမ်းမြားလက်ထပ်ထားသည့် မြန်မာနိုင်ငံသား/သူများအတွက် အခြေခံကျောက်မျက်ပညာ သင်တန်းကို ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ဆိုသည်။
အဆိုပါ သင်တန်းကို မတ်လကုန် သို့မဟုတ် ဧပြီလဆန်း (ယာယီ)တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလသည် (၆)လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်တန်းဦးရေ(၂၀)ဦးသာ ခန့်အပ်သွားမည်ဖြစ်ပြီး အနည်းဆုံး(၂၀)ဦး ပြည့်မှ သင်တန်းကိုဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တက်ရောက်လိုသူများအနေဖြင့် အသက် (၁၈)နှစ်မှ (၃၄)နှစ်အတွင်း ဖြစ်ရန်လိုအပ်ပြီး သံရုံး၏ schoolarinseoul@gmail.com သို့ ကိုရီးယားနိုင်ငံမှ ထုတ်ပေးထားသည့် Residence Card (မိတ္တူ)နှင့်အတူ မတ်လ (၁၉)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်တပ်ဖွဲ့များ၏ အနာဂါတ်နှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်မည်ဟု အီရတ်အစိုးရပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း