လက်နက်ကိုင်ပဋိပက္ခ နှင့် တိုက်ခိုက်ဖျက်ဆီးမှုများသည် နိုင်ငံပြိုကွဲပျက်စီးရေးကိုသာ ဦးတည်နေဟု တပ်ချုပ်ပြော
Pearl (NSS) - ဖေဖော်ဝါရီ ၇
လက်နက်ကိုင်ပဋိပက္ခ နှင့် တိုက်ခိုက်ဖျက်ဆီးမှုများသည် နိုင်ငံပြိုကွဲပျက်စီးရေးကိုသာ ဦးတည်နေသည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက ယနေ့ (ဖေဖော်ဝါရီလ ၇ ရက်)တွင် ကျရောက်သော (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
အဆိုပါ သဝဏ်လွှာ၌ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း(၇ဝ)ကျော် ကြာပြီဖြစ်သော်လည်း သွေးခွဲအုပ်ချုပ်ခဲ့ သည့် အမွေဆိုးကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ယနေ့အထိ ဖြစ်ပွားလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အထူးသဖြင့် ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်း၊ ဆူပူအကြမ်းဖက်ဖျက်ဆီးနှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားများ ဒုက္ခများစွာခံစားရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံ ပြိုကွဲပျက်စီးရေး နှင့် တိုင်းရင်းသားအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ကြောင့် တိုင်းရင်းသားများအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်သည့် အချိန်ကာလဖြစ်ကြောင်း နှင့် နောက်ကျလျှင် နောက်ကျသလောက် အကျိုးယုတ်နိုင် ပြီး နိုင်ငံအတွက် အန္တရာယ်ရှိသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေး တိုက်တွန်းထားသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ကူညီပေးနိုင်ရန် မဲဆောက် နှင့် မြဝတီမြို့အနီးတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဇုန်တစ်ခုကို ယခုလနောက်ပိုင်းတွင် တည်ထောင်မည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း