မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ကူညီပေးနိုင်ရန် မဲဆောက် နှင့် မြဝတီမြို့အနီးတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဇုန်တစ်ခုကို ယခုလနောက်ပိုင်းတွင် တည်ထောင်မည်
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၇
ထိုင်းအစိုးရအနေဖြင့် မဲဆောက်-မြဝတီမြိုနယ်စပ်အနီးတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဇုန်တစ်ခုကို ဖေဖော်ဝါရီလနောက်ပိုင်းတွင် တည်ထောင်သွားရန် စီစဉ်ထားပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် မြန်မာနိုင်ငံသား ၂ဝဝဝဝ ကျော် နှင့် ဒေသခံများကို အစားစာနှင့်ဆေးဝါးများ ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဆီဟာဆက် ပွန်ကက်ကီအိုက ပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာ ခဲ့ရာ မြန်မာနိုင်ငံသား ၂ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာနေထိုင်နေရပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်နေကြောင်း သိရသည်။
ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေတာကို ကျွန်တော်တို့ မတွေ့မြင်လိုဘူး၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးမယ့် လုပ်ငန်းစဉ်တွေက ထိရောက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရ တဲ့ ပုံစံမျိုးဖြစ်ရမယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမည့် လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် အထောက်အပံ့များစွာဖြစ်လာမည်ဟု ယုံကြည်ကြောင်း ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထိုင်းနိုင်ငံက ဦးဆောင်မည့်အစီအစဉ်သည် နစက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG အဖွဲ့များကို တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရန် ဦးဆောင်နိုင်ဖွယ်ရှိနေကြောင်း ၎င်းက ပြောသည်။ သို့သော်လည်း ထိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက နစကသည် အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်မည်ဆိုသောအချက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
၎င်းက "အနည်း ဆုံးတော့ ဒီနှစ်အလယ်ပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ကောင်းစတင်နိုင်ဖွယ်ရှိပါတယ်။ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့ လမ်းခင်းပေးလိုက်တာလည်း ဖြစ်ပါတယ်" ဟု ပြောသည်။
ပြီးခဲ့သော ဇန်နဝါရီလနောက်ပိုင်းတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်လည်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် ထိုင်းနိုင်ငံ၏ ဦးဆောင်ကြိုးပမ်းမှုများကို အားပေးထောက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့တွင် စိတ်ဝေဒနာရှင် အမျိုးသားက မိမိလည်ပင်းကို မိမိဘာသာဓားဖြင့် ပြန်လှီးမှုဖြစ်ပွား
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း