လှိုင်သာယာမြို့နယ်တွင် လူနေအိမ်(၈)လုံးမီးလောင်မှု ဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူနေအိမ်(၈)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်စခန်းထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(ဖေဖော်ဝါရီ ၆ ရက်)၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၂ဝ) ရပ်ကွက်၊ ဥယျာဉ်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးစလောင်တာက အိမ်မှာ ငါးမုန့်ကြော်ပြီး အိမ်သားတွေက မငြှိမ်းဘဲအိပ်ပျော်သွားတာက စလောင်တာပါ။ အဲဒီ ကနေ လူနေအိမ်(၈)လုံး မီးလောင်သွားတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း များတယ်” ဟု လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
၎င်းမီးလောင်မှုအား Level-1 အဆင့်ဖြင့် လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မိနစ်(၃ဝ)ခန့်အကြာ သွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးသေဆုံး၍ ကားဂိတ်(၇)ခုထိ မီးလောင်ဆုံးရှုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်ပဋိပက္ခ နှင့် တိုက်ခိုက်ဖျက်ဆီးမှုများသည် နိုင်ငံပြိုကွဲပျက်စီးရေးကိုသာ ဦးတည်နေဟု တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း