လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူ ကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့တွင် ဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၇
ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် လင်မယားချင်းစကားများရန်ဖြစ်ပြီးနောက် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီအသင်းထံမှ သိရသည်။
ယနေ့(ဖေဖော်ဝါရီ ၇ ရက်)၊ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်တွင် ပြည်မြို့နယ်၊ မှော်ဇာနယ်မြေ၊ တောင်ခွေးရဲရွာအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သိရတာတော့ မနက်က လင်မယားချင်းစကားများကြတယ် ယောက်ျားက စိတ်ညစ်ပြီး သစ်ပင်မှာ ကြိုးဆွဲချ သတ်သေသွားတဲ့သဘောရှိတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကြိုးဆွဲချသေဆုံးသူအမျိုသားမှာ တောင်ခွေးရဲကျေးရွာတွင်နေထိုင်သည် အသက်(၃၄)နှစ်အရွယ် ကိုထွန်းဝင်းဖြစ်ပြီး နေအိမ်အနီးရှိ သစ်ပင်၌ ကြိုးဆွဲချအဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီမှ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်တွင် လူနေအိမ်(၈)လုံးမီးလောင်မှု ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း