ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိကြီးများကို ယူကရိန်းသမ္မတ ရာထူးမှ ထုတ်ပယ်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၇
အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ယူကရိန်းသမ္မတဇီလန်စကီးသည် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို လာမည့်ရက်ပိုင်းအတွင်း ရာထူးမှ ထုတ်ပယ်ကာ တာဝန်များကို ပြန်လည်ရုတ်သိမ်းသွားဖွယ်ရှိနေကြောင်း ယူကရိန်းလွှတ်တော်အမတ်တစ်ဦးက တယ်လီဂရမ်တွင် ရေးသားဖော်ပြလိုက်သည်။
ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗီလာယီဇာလူနီသည် မကြာခင်ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု ပြီးခဲ့သောသီတင်းပတ်များကလည်း ယူကရိန်းမီဒီယာများတွင် ဖော်ပြခဲ့ဖူးသည်။
ယူကရိန်းသမ္မတဇီလန်စကီးက ၎င်းအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတပ်မှူးများကို အစားထိုး ပြောင်းလဲခြင်းများလုပ်ဆောင်မည်ဖြစ်သလို နိုင်ငံခေါင်းဆောင်များကိုလည်း အပြောင်းအလဲလုပ်ဆောင်ဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထပ်မံပြောခဲ့သည်။
ယူကရိန်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ အလက်ဇီဂွန်ချာရမ်ကိုက သမ္မတဇီလန်စကီးသည် ယူကရိန် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ယူကရိန်းစစ်ဘက်ထိပ်တန်းအရာရှိကြီးသုံးဦး အပါအဝင် အခြား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း ရာထူးမှထုတ်ပယ်သွားဖွယ်ရှိနေကြောင်း ထပ်မံပြောထားသည်။
ယူကရိန်းကာကွယ်ရေးဦးစီးချုပ်ကို ထုတ်ပယ်မည့်အစီအစဉ်ကို ကန့်ကွက်ရှုတ်ချကြောင်း၊ ကာကွယ်ရေးဦးစီး ချုပ်ကို ထုတ်ပယ်ခြင်းက စစ်ပွဲအတွင်း တင်းမာမှုအရှိန်များကို ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း လွှတ်တော်အမတ် ဖြစ်သူက ထပ်မံပြောထားသည်။
လက်ရှိအချိန်တွင် ယူကရိန်းသမ္မတဇီလန်စကီး နှင့် ကာကွယ်ရေးဦးစီးချုပ်ကြား အငြင်းပွားမှုများဖြစ်ပွား လာခဲ့ပြီးနောက် တင်းမာမှုအရှိန်မြင့်တက်လာနေကြောင်း သိရသည်။ ရုရှားတပ်ဖွဲ့များအပေါ် ပြုလုပ်သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်ခဲ့ပြီးနောက် ယူကရိန်းသမ္မတ နှင့် ကာကွယ်ရေးဦးစီးချုပ်ကြား အငြင်းပွားမှုများ အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ စတင်လာခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတသည် တန်ပြန်ထိုးစစ်ဆင်မှုများ မအောင်မြင်ရခြင်းအတွက် ယူကရိန်းကာကွယ်ရေးဦးစီးချုပ်၏ စွမ်းဆောင်ရည်များကို ဝေဖန်ပြစ်တင်ခဲ့ရာမှအငြင်းပွားမှုများ စတင်လာခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ