ဂရမ်မီဆုပေးပွဲအတွက် ခန္ဓာကိုယ်ပေါ်က တက်တူးတွေကို ဖုံးကွယ်ခဲ့ရတဲ့ ပဲရစ်ဂျက်ဆန်
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၇
အမေရိကန် မော်ဒယ်နဲ့ သရုပ်ဆောင် ပဲရစ်ဂျက်ဆန်ဟာ ၆၆ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို တတ်ရောက်ဖို့အတွက် သူမရဲ့ခန္ဓာကိုယ်ပေါ်က တက်တူး အခု ၈၀ လုံးကို အချိန် ၂ နာရီကြာ မိတ်ကပ်ပညာရှင် ၂ ဦးရဲ့ ကြိုးစားမှုနဲ့အတူ ဖုံးအုပ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
အင်စတာဂရမ်မှာ တင်ထားတဲ့ time lapse ဗီဒီယိုတစ်ခုမှာတော့ ဂျက်ဆန်ရဲ့အရေပြားဟာ စွဲမက်ဖွယ် ဆင်စွယ်ရောင်ဖြစ်နေတာ တွေ့ရပါတယ်။
ကော်ဇောနီပေါ်မှာ သူမက အနက်ရောင်လိုင်းတွေနဲ့ Body shape ပေါ်စေတဲ့ ဂါဝန်ကို ဝတ်ဆင်ထားပါတယ်။
ဂျက်ဆန်ဟာ ဒီလိုအသွင်ပြောင်းဖို့ မိတ်ကပ်ကို ၂ နာရီကြာ လိမ်းခဲ့ရပါတယ်။ “တက်တူးမထိုးထားတဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ရတာ ပျင်းစရာကောင်းတယ်" သူမက ပြောပါတယ်။
ပဲရစ်ဂျက်ဆန်ဟာ ကမ္ဘာကျော် အဆိုတော်မိုက်ကယ်ဂျက်ဆင်ရဲ့တစ်ဦးတည်းသောသမီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ (ဖေဖော်ဝါရီ ၄ ရက်) က အနုပညာရှင်တွေ ရင်ခုန်ရတဲ့ ဂရန်မီဆုပေးပွဲကြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး တေလာဆွဖ်၊ မိုင်လေဆိုင်းရက်၊ ဘီလီအက်ဒစ်နဲ့ အခြား အနုပညာရှင်တွေက ဂုဏ်သိက္ခာကြီးမားတဲ့ ဂရန်မီဆုကို အသီးသီး ဆွတ်ခူးယူနိုင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟောင်ကောင်လေဆိပ်မှာ မြေပြင်ဝန်ထမ်းတစ်ဦး လေယာဉ်မတော်တဆမှုနဲ့ သေဆုံး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ