အောင်မင်္ဂလာအဝေးပြေးကားဝန်း၌ မီးလောင်မှုဖြစ်ပွားကာ လူ(၃)ဦးသေဆုံး၍ ကားဂိတ်(၇)ခု မီးလောင်ပျက်စီး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝန်းအတွင်း၌ Air Cooler အပူလွန်ကဲရာမှ မီး လောင်မှုဖြစ်ပွားကာ လူ(၃)ဦးသေဆုံး၍ ကားဂိတ်(၇)ခု မီးလောင်ပျက်စီးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၅ ရက်)၊ နံနက် ၅နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားဝန်းထဲက ရွှေလင်းယုန်ကားဂိတ်ကနေ စလောင်တာပေါ့။ သိရတာတော့ Air Cooler အပူလွန်ပြီး စလောင်တာ။ မီးများသွားပြီး ဘေးက ဂိတ်တွေပါဆက်လောင်သွားတာ။ ကားဂိတ်(၇)ခုပါသွားတယ်။ လူသေဆုံးတာလည်း ရှိတယ်”ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ရွှေလင်းယုန်ကားဂိတ်အတွင်းရှိ အမျိုးသား(၃)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ရွှေလင်းယုန်ကားဂိတ်ထဲမှာအိပ်နေတဲ့ အမျိုးသား(၃)ဦးသေဆုံးတယ်။ (၂)ယောက်က မီးလောင်ပြီးဆုံးတာ ပုံဖမ်းလို့မရခဲ့ဘူး။ တစ်ယောက်ကတော့ အသက်(၅၀) ဝန်းကျင် အမျိုးသားတစ်ဦးပါတယ်။ သူကတော့ မီးခိုးမွှန်ပြီး ဆုံးတာလို့ယူဆရတယ်။ မီးငြှိမ်းတာတော့ သိပ်မကြာပေမဲ့ မီးခိုးတွေအခန်းတွေထဲဝင်တာလုပ်နေရတာ နည်းနည်းကြာသွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် အဆိုပါမီးလောင်မှုအား မင်္ဂလာဒုံမြို့နယ်မီးသတ်တပ်ဖွဲ့၊ အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဝေဘာဂီနယ်မြေမီးသတ်တပ်ဖွဲ့တို့က (၄၅)မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
၎င်းမီးလောင်မှုဖြစ်စဉ်အတွင်း သေဆုံးသူ အမျိုးသား (၃) ဦးကို မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချီလီနိုင်ငံမှာဆိုးရွားစွာလောင်ကျွမ်းနေတဲ့တောမီးကြောင့် သေဆုံးသူအရေအတွက် ၁၁၂ ဦးအထိ မြင့်တက်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း