အစ္စရေးကို စစ်ရေးအကူအညီပေးမယ့် ဘတ်ဂျက်ကိစ္စကို မဲခွဲဆုံးဖြတ်မယ်လို့ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၄
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆန်က အမေရိကန်သမ္မတ တောင်းခံထားတဲ့ အကူညီပေးရေး ဥပဒေမူကြမ်းထဲမှ အစ္စရေးနိုင်ငံကို အကူအညီပေးရေးအစီအစဉ်ကို မဲခွဲဆုံး ဖြတ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဟာ အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီအပြင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကူညီထောက်ပံ့ပေးနိုင်အောင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံကူညီထောက်ပံ့ပေးဖို့ တောင်းခံထားကြောင်းသိရပါတယ်။ အမေရိကန် အောက်လွှတ်တော်ဟာ အမေရိကန်အစိုးရရဲ့ဘတ်ဂျက်တင်ပြမှုတွေကို အလွယ်တကူ ခွင့်ပြုတာမျိုးမလုပ်တော့ဘဲ ဆိုင်းငံ့တာ၊ တင်ပြတဲ့ဘတ်ဂျက်ပမာဏာလျော့ချတာတွေမကြာခဏလုပ်ဆောင်လေ့ရှိနေကြောင်း သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌက "အစ္စရေးနိုင်ငံကို စစ်ရေးအကူအညီပေးဖို့ မဲခွဲဆုံး ဖြတ်မယ့်အကြောင်းကို လွှတ်တော်ကိုယ်စားလှယ်တွေထံ အသိပေးထားတယ်"လို့ ပြောပါတယ်။ အမေရိကန်အထက်လွှတ်တော်ကလည်း သမ္မတ ဂျိုးဘိုင်ဒန်တောင်းခံထားတဲ့ အမျိုး သားလုံခြုံရေးအတွက် ရန်ပုံငွေဘတ်ဂျက်တောင်းခံမှုတွေကို မဲခွဲဆုံးဖြတ်ဖို့ စီစဉ်နေချိန်မှာအမေရိကန်အောက်လွှတ်တော်က အခုလိုမျိုး စီစဉ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတဟာ ယူကရိန်းစစ်ပွဲ၊ ထိုင်ဝမ်နဲ့အစ္စရေးနိုင်ငံတို့ကို စစ်ရေးအကူအညီပေးဖို့ ဘတ်ဂျက်ရန်ပုံငွေအဆိုပြုချက်ထဲမှာ ထည့်သွင်းထားကြောင်းသိရပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေဟာ ယူကရိန်းကို စစ်ရေးအကူအညီတွေထပ်မံပေးဖို့အစီအစဉ်ကို လိုလားနှစ်သက်ခြင်းမျိုးမရှိကြောင်း သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်း၊ပြည်ပ ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ