နေတိုးအဖွဲ့ထက် ပိုမိုကောင်းမွန်သည့် စစ်လက်နက် ပစ္စည်းများရှိကြောင်း သမ္မတပူတင်ပြော
Pika (NSS) - ဖေဖော်ဝါရီ ၃
ရုရှားနိုင်ငံ၏ ခေတ်မီစစ်လက်နက်ပစ္စည်းများသည် ယူကရိန်းအတွက် စစ်ရေးကူညီမှုများကို လုပ်ဆောင်ပေးနေသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ အသုံးပြုသော စစ်လက်နက်ပစ္စည်းများထက် ပိုမိုကောင်းမွန်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက် Tula မြို့တွင် ပြုလုပ်သော Everything for Victory ဖိုရမ်တွင် ပူတင်က ယခု ကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ လူသန်းချီအတွက် အလုပ်များထောက်ပံ့ပေးသည့်အပြင် ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲနှင့် ရုရှားနိုင်ငံစီးပွားရေးတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည့် နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းကို ပူတင်ကချီးကျူးပြောဆိုခဲ့ကြောင်းလည်းသိရသည်။
သို့သော်လည်း ဆိုဗီယက်ခေတ်တွင် ဒီဇိုင်းဆွဲကာ ထုတ် ထားသော ရုရှား၏စစ်လက်နက်ပစ္စည်းအချို့သည် နေတိုးအဖွဲ့၏ စစ်လက်နက်ပစ္စည်းများနှင့် နှိုင်းယှဉ်မည်ဆိုပါက ကောင်းမွန်မှုမရှိသည်ဆိုသည့်အချက်မှာ မှန်ကန်သော်လည်း ခေတ်မီရုရှားလက်နက်များမှာ နေတိုးအဖွဲ့ ၏ စစ်လက်နက်ပစ္စည်းများထက် ပိုမိုကောင်းမွန်ကြောင်း ပူတင်ကထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှားစစ်တပ်အနေဖြင့် အောင်မြင်မှုများရရှိစေရန်အတွက် ရန်သူများ၏ အမြောက်များနှင့် ထောက်လှမ်းရေးပစ္စည်းပိုင်ဆိုင်မှုများကို ချေမှုန်းကာ စစ်မြေပြင်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ ရုရှားစစ်တပ်တွင် ပိုမိုထိရောက်မှုရှိမည့် ကိုယ်ပိုင်စစ်လက်နက်ပစ္စည်း ပိုင်ဆိုင်မှုများလည်းရှိသင့်ကြောင်း ပူတင်ကထပ်မံပြောဆိုခဲ့သည်။
ပူတင်က "ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်ပစ္စည်းတွေကို မြန်မြန်ရရှိအောင် လုပ်ဆောင်နိုင်တဲ့လူက အနိုင်ရရှိပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများထုတ်လုပ်မှုသည် သိသိသာသာ မြင့်တက်လာပြီဖြစ်ကြောင်းနှင့် အမြောက်ကျည်များထုတ် လုပ်မှုသည်လည်း ယခင်အချိန်များထက် အဆများစွာတိုးလာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်ဖြစ်ပွားလာနိုင်ခြေရှိသော စစ်ပွဲအတွက် ပြည်သူများကို လေ့ကျင့်သင်ကြားပေးမှုများ လုပ်ဆောင်ပေးရန် ရိုမေးနီးယားကာကွယ်ရေးဦးစီးချုပ်တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ