အင်းစိန်မြို့နယ်ရှိ ကားဝပ်ရှော့တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ကားဝပ်ရှော့တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်)၊ မွန်းလွဲ (၂)နာရီ (၄၁)မိနစ် အချိန်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါမီးလောင်မှုအား Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ (၂)နာရီ (၄၉)မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ “သူကတော့ ဝပ်ရှော့ပေါ့။ ဝါယာရိန်းပိုင်းတွေဘာတွေနဲ့စုံပြီးတော့ ဝါယာလျှော့လို့ ပြောတာပဲ။ အခြားမီးကူးတာတော့ မရှိဘူး။ သူတို့ဆိုင်ရယ်၊ သူတို့ နောက်ကဝန်ထမ်းတွေနေတဲ့ အဆောက်အဦး မီးလောင်သွားတယ်။ ကားတစ်စီးကတော့ မီးလောင်ကျွမ်းသွားတယ်”ဟု အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် အသက် (၃၀)အရွယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ကျောပြင်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့ထက် ပိုမိုကောင်းမွန်သည့် စစ်လက်နက် ပစ္စည်းများရှိကြောင်း သမ္မတပူတင်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း