ပြည်-တောင်ကုတ်ကားလမ်းတွင် အရက်ပုံးများတင်ဆောင်လာသည့် ကားတစ်စီး ဘရိတ်ပေါက်တိမ်းမှောက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၃
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ်ကားလမ်း၌ အရက်ပုံးများတင်ဆောင်လာသည့် ကားတစ်စီး ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံမှ သိရသည်။
ကားတိမ်းမှောက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၂ ရက်)၊ ညနေ ၄နာရီခွဲအချိန်တွင် ပန်းတောင်းမြို့နယ်၊ ကံမလမ်းခွဲအကျော်၊ ပြည်-တောင်ကုတ်သွားကားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားက မြန်အောင်ဘက်က အရက်ဆီတွေတင်လာတဲ့ကားပါ။ အဲဒီနားက ကုန်းတက်ကြီးမှာ ဘရိတ်ပေါက်ပြီးတော့ နောက်ပြန်လိမ့်ကျတာမှာ ချောက်ထဲကိုကျပြီးမှောက်သွားတာပေါ့။ ကြံခင်းဘက်က အရက်ချက်စက်ရုံကိုသွားတာဖြစ်ဖို့များတယ်”ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအသင်း ပရဟိတပါရမီမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ကားပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးစလုံး၌ ထိခိုက်ဒဏ်မရရှိခဲ့သော်လည်း ကားနှင့် အရက်ဆီပုံးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ကားသမားနဲ့ စပယ်ရာက ဘာမှမဖြစ်ဘူး။ ကားသမားကိုတော့ ပန်းတောင်းနယ်မြေခံရဲစခန်းက စစ်ဆေးဖို့ခေါ်သွားတယ်။ ကားကတော့ ချောက်ထဲကျသွားတော့ တော်တော်ပျက်စီးသွားတယ်။ ကားပေါ်မှာလည်း အရက်ဆီပုံးက အပြည့်ပါတယ်။ ကားကမီးမပွင့်လို့ပေါ့။ မီးပွင့်ရင် အရက်ဆီပုံးတွေလည်း မီးလောင်လွယ်တာဆိုတော့ မီးလောင်နိုင်တယ်။ ပြီးတော့ အဲဒီလမ်းမှာက ယာဉ်တိုက်မှုနဲ့ မတော်တဆမှုက ခဏခဏဖြစ်လေ့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အလားတူ အဆိုပါနေ့ ညနေ ၅နာရီ ၄၀မိနစ်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၇၅/၄-၅)ကြား၌ ကျွန်းပါကေးတုံး (အရိုင်း)များတင်ဆောင်မောင်းနှင်လာသည့် Nissan Ad Van အမျိုးအစားကားတစ်စီး ရှေ့ဘီးပေါက်ကာ တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နှင့်ဆီးရီးယားရှိ စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်(၈၅)ခုကျော်ကို လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်အတည်ပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း