ကင်ညာနိုင်ငံတွင် ဂတ်စ်သယ်ဆောင်လာသည့် ထရပ်ကားပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ(၃)ဦးသေဆုံးကာ လူ(၃၀၀)နီးပါး ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - ဖေဖော်ဝါရီ ၃
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ဂတ်စ်သယ်ဆောင်လာသည့် ထရပ်ကားတစ်စီးပေါက်ကွဲခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံးပြီး အခြားလူ(၃၀၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ(၂)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဂတ်စ်ပြန်လည်ဖြည့်တင်းသည့် နေရာတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို နိုင်ရိုဘီမြို့အနီးတစ်ဝိုက်ရှိ ဆေးရုံများတွင် ဆေးကုသမှုများလုပ်ဆောင်ပေးနေကြောင်း ကင်ညာအစိုးရက ပြောကြားခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် အနီးအနားရှိ အထည်အလိပ်လုပ်ငန်း စက်ရုံတစ်ခုလည်း မီးလောင်ကျွမ်းခဲ့ပြီး မော်တော်ယာဉ်များ၊စီးပွားရေးလုပ်ငန်းနှင့် နေအိမ် အများအပြားပျက်စီးသွားခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။
အသက်ရှင်လွတ်မြောက်ခဲ့သူ အက်ဒ်ဝင်မာချီရိုက"ပေါက်ကွဲမှုတွေဖြစ်ပွားတော့ ကျွန်တော်ထွက်ပြေးခဲ့ပြီး တစ်ကီလိုမီတာအကွာအဝေးနီးပါးမှာရှိနေတာတောင် မီးစက ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို လာထိခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
ရိုက်တာသတင်းဌာနက မျှဝေထားသော ဓါတ်ပုံထဲတွင် မြေပြင်ပေါ်မှာ စောင်ဖြင့် ဖုံးအုပ်ထားသော အလောင်းတစ်လောင်းနှင့်အတူ အနီးအနားရှိ မီးလောင်ကျွမ်းနေသော နေအိမ်အများအပြားကိုလည်း တွေ့မြင်ခဲ့ရသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာကို မည်သူကပိုင်သည်ဆိုသည့်အချက်ကိုလည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်-တောင်ကုတ်ကားလမ်းတွင် အရက်ပုံးများတင်ဆောင်လာသည့် ကားတစ်စီး ဘရိတ်ပေါက်တိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း