ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲကျင်းပ
စော (NSS) - ဖေဖော်ဝါရီ ၃
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်)တွင် ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၁)ရပ်ကွက်၊ စစ်တောင်းလမ်းရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျင်းပခဲ့ရာ YRTC ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလျန်ကျင့်မာန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာများကို အဆိုပါကောလိပ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။
“ဒီလိုမျိုးဟောပြောခြင်းဖြင့် သူတို့ရဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ပတ်သက်တဲ့အသိတရားတွေရှိခြင်းအားဖြင့် သူတို့ရောက်ရှိတဲ့နေရာတိုင်းမှာ ဆက်ပြီးတော့ ဖြန့်ဝေသွားမယ်ဆိုရင် တော်တော်လေးထိရောက်စွာ ဆောင်ရွက်နိုင်တာ ကျွန်တော်တို့တွေ့ရှိရပါတယ်”ဟု YRTC ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလျန်ကျင့်မာန်က ပြောသည်။
၂၀၂၃ ခုနှစ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲများကို တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းပေါင်း (၃၀)ကျော်တို့တွင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ