သြစတြေးလျ သိပ္ပံပညာရှင်တွေက ရာသီဥတုအန္တရာယ်ကြောင့် ပင်လယ်ပြင်မှ ရှားပါးငါးတွေကို ဖမ်းဆီးမွေးမြူထား
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂
သိပ္ပံပညာရှင်တွေက ပင်လယ်ပူနွေးလာမှု၊ လူသားများနေထိုင်ရာ နေရာအပြောင်းအလဲများနဲ့ တောရိုင်းကောင်တွေကို ကာကွယ်ဖို့ ရည်မှန်းပြီး သြစတေးလျနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှ အလွန်ရှားပါးတဲ့ အနီရောင်ငါးကြီး ၂၅ ကောင်ကို ဖမ်းဆီးမွေးမြူထားပါတယ်။
အရစ်ကြား လက်မတွေနဲ့ ကြက်သွေးရောင်နဲ့ အညိုရောင်အရောင်ရှိကာ၊ ရွှေငါး ပုံပန်းသဏ္ဍာန်ရှိ ငါး (၁၀၀)ခန့်ဟာ တက်စမေးနီးယား အရှေ့တောင်ပိုင်းရှိ သန္တာကျောက်တန်းရဲ့သေးငယ်တဲ့အပိုင်းမှာ နေထိုင်ကျက်စားကြပါတယ်။ အရှည် ၈ စင်တီမီတာခန့်ရှိပြီး ၎င်းတို့ဟာ ပါးစပ်နဲ့ပင်လယ်ကြမ်း ပြင်တစ်လျှောက် “လမ်းလျှောက်”တတ်ကြပါတယ်။ ဒါပေမဲ့ အကောင်ကြီးတွေဟာ မြို့ပြဒေသတွေဘက် ထွက်အစာစားခြင်း၊ ပင်လယ်ရေအပူချိန်မြင့်တက်လာခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား သေဆုံးပျက်စီးခြင်းတို့ ဖြစ်ပေါ်စေခဲ့တယ်လို့ University of Tasmania's Institute for Marine and Antarctic Studies က ဆိုပါတယ်။ ဒါကြောင့် အင်စတီကျုမှ သိပ္ပံပညာရှင်တွေဟာ အဲဒီငါးတွေကို လုံလုံခြုံခြုံ ထိန်းသိမ်းနိုင်ဖို့အတွက် ဖမ်းဆီးထိန်းသိမ်းဖို့ အကြံရခဲ့ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်က ပြောကြားချက်အရ သိပ္ပံပညာရှင်တွေက လက်ရှိဖမ်းဆီးလာတဲ့ ငါး ၂၅ ကောင်ကို ၎င်းတို့ရဲ့ ယာယီငါးပြတိုက်အိမ်တွေမှာ ထားရှိပြီး စိတ်ဖိစီးမှု ရှိ၊ မရှိ သို့မဟုတ် ကျန်းမာရေးကောင်း၊ မကောင်း အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
၁၉၀၀ ခုနှစ်များအစ မှတ်တမ်းများအရ သြစတြေးလျနိုင်ငံအနီးရှိ ပင်လယ်ရေ အပူချိန်ဟာ တစ်နှစ်ထပ်တစ်နှစ် တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂန္တဝင် ဘောလုံးကစားသမား ဒေးဗစ်ဘက်ခမ်းနှင့်အတူ တွဲမြင်ရသည့် ပိုင်တံခွန်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ