ကျောင်းသား/သူ (၁၃)သိန်းကျော် ကျောင်းတတ်ရန်ပျက်ကွက်နေလျက်ရှိပြီး အများစုမှာ တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားဒေသများမှဖြစ်နေ
Pearl (NSS) - ဖေဖော်ဝါရီ ၁
ကျောင်းသား၊ ကျောင်းသူ (၁၃)သိန်းကျော်သည် ကျောင်းတက်ရန်ပျက်ကွက်နေလျက်ရှိပြီး အများစုမှာ တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားဒေသများမှ ဖြစ်နေကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ (၈၁၀၈၂၂၇) ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် (၆၇၆၇၇၆၃) ဦးသာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရန် ပျက်ကွက်သူ (၁၃၄၀၄၆၄) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ပျက်ကွက်သည့်ဒေသများသည် ကရင်ပြည်နယ်ရှိ ဒေသအချို့၊ ချင်းပြည် နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါ ပြည်နယ်များ၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ PDF အဖွဲ့များကြား စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စတင်ချိန်တွင် အခြေခံ ပညာကျောင်းသား (၅၇၃၀၀၀) ဦးတက်ရောက်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် အခြေခံကျောင်းများတွင် (၂၇၉၃၉၂)ဦးသာ ကျောင်းတက်လျက်ရှိခြင်းကြောင့် ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်မှုရှိကြောင်း သိရသည်။
"မအေးချမ်းလို့ မတက်ရတာပေါ့နော်။ အေးချမ်းတဲ့ နေရာတွေတော့ ပုံမှန်ပဲ တက်နေကြတာပဲ။ မအေးချမ်းတဲ့ နေရာတွေကတော့ အဖျက်သမားတွေ ပေါင်းစုံဖျက်နေကြတာပဲ ပညာရေးတွေကို ဖျက်ဆီးနေတာ။ ပညာရေးကို ဖျက်ဆီးလိုက်တော့ နိုင်ငံအနာဂတ်မကောင်းဘူးပေါ့။ ဖြစ်စေချင်တာတော့ မြန်မြန်အေးချမ်းစေချင်တာပေါ့" ဟု ပညာရေးဝန်ထမ်းတစ်ဦးက NSS ကို ပြောသည်။
အလားတူ တက္ကသိုလ်များအနေဖြင့်လည်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ (၁၁၂၉၆၈) ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် ပညာသင်ကြားလျက်ရှိသူ (၈၆၆၈၇) ဦး ရှိခြင်းကြောင့် ပျက်ကွက်သူ (၂၆၂၈၁) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၂၃ ဒသမ ၃) ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်တက္ကသိုလ်အနေဖြင့် ၁၀၀ ရာခိုင်နှုန်း တက်ရောက်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်ရှိသည့် တက္ကသိုလ်များတွင်လည်း ကျောင်းတက်ရန်ပျက်ကွက်မှုရာခိုင်နှုန်းအများဆုံးဖြစ်ပြီး အချို့ ကျောင်းသား၊ ကျောင်းသူများသည် အခြားပြည်နယ်၊ တိုင်းဒေသကြီးရှိ တက္ကသိုလ်များသို့ပြောင်းရွှေ့ ကျောင်းတက်နေခြင်းများလည်း ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကဆက်နယ်စပ်တွင် ဖြစ်ပွားနေသော ရွှေ့ပြောင်းအခြေချသူများအရေး ကြောင့် ပြည်တွင်းစစ်အထိ ဖြစ်စေနိုင်ကြောင်း ရုရှားသမ္မတဟောင်း သတိပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း