လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် အမေရိကန် ကုန်စည်သင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အုပ်စုပြော
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁
ယီမင်လက်နက်ကိုင်အဖွဲ့ ဟူသီအုပ်စုဟာ အမေရိကန်ဖျက်သင်္ဘောတစ်စီးဖြစ်တဲ့ Gravely ရဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် အေဒင်ပင်လယ်ကွေ့အတွင်းရှိ အမေရိကန်ကုန်စည်သင်္ဘောတစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဟူသီလက်နက်ကိုင်အုပ်စုနဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး တိုက်ခိုက်မှုတွေရှိလာခဲ့ကြောင်းသိရပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုပြောရေးဆိုခွင့်ရှိသူ Yahya Sarea က "ကျွန်တော်တို့ဟာ အမေရိကန်ကုန်စည်သင်္ဘောတစ်စီးဖြစ်တဲ့ KOI အမည်ရှိသင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ အဲဒီသင်္ဘောကို ရေတပ်တပ်ဖွဲ့သုံးဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တယ်"လို့ ပြောပါတယ်။
ကုန်စည်သင်္ဘော KOI ဟာ လစ်ဗျားနိုင်ငံအလံလွှင့်ထူထားတဲ့ သင်္ဘောဖြစ်ကြောင်း၊ ဟူသီလက်နက်ကိုင်အုပ်စုဟာ ဗြိတိန်နိုင်ငံမှ Marlin Luanda အမည်ရှိ ရေနံတင်သင်္ဘောကိုလည်း တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဗြိတိန်ရေကြောင်းလုံခြုံရေးအဖွဲ့စည်းတစ်ခုဖြစ်တဲ့ အမ်ဘရီက ယီမင်နိုင်ငံ Dimnat Khadir ဒေသကနေ ဒုံးကျည်နဲ့ပစ်ခတ်ခြင်းတွေကို သတိထားမိကြောင်းပြောပါတယ်။ အမေရိကန် ရေတပ်ဖျက်သင်္ဘောဟာ ယီမင်နိုင်ငံ အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်တဲ့သင်္ဘောဖျက်ဒုံးကျည်နဲ့ အီရန်နိုင်ငံထုတ်ဒရုန်း သုံးစင်းကို ပစ်ချနိုင်ခဲ့ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
QR Code စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်မည့် YBS ယာဉ်အစီးရေ (၂၃ဝဝ) ကျော်အထိ တိုးချဲ့သွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ